• Follow Us on

Home ဘုတလင်မြို့နယ်၌ ဆိတ်ကျောင်းနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

ဘုတလင်မြို့နယ်၌ ဆိတ်ကျောင်းနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၁ (People Media)

 

ဇန်နဝါရီ ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ သားရိုးကျေးရွာအနီး၊ ရေဦး-မုံရွာသွား ကားလမ်းဘေးတွင် ဆိတ်ကျောင်းနေသည့် အမျိုးသားတစ်ဦးသည် လမ်းဘေးရှိ လက်လုပ်မိုင်းကို နင်းမိ၍ သေဆုံးသွားသည်။

 

ဆိတ်ကျောင်းသူ အမျိုးသားသည် သားရိုးကျေးရွာအနီး၊ ရေဦး-မုံရွာသွားကားလမ်းဘေး၊ စက်ဆုံးဆီဆိုင်အနီး၌ ၎င်း၏ ဆိတ်များကို ကျောင်းနေစဉ် လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့သည်။

 

“ရေဦး-မုံရွာသွားကားလမ်း၊ ၁၀၄ မိုင် နားလေးမှာဖြစ်တာ။ စက်သုံးဆီဆိုင်အနီးမှာပါ။ ဆိတ်ကျောင်းရင်း မိုင်း နင်းမိသွားတာ။ သေဆုံးသွားပါတယ်။ ဖြစ်စဉ်အနီးမှာ ဖြတ်သွားတဲ့ ဆိုင်ကယ်မောင်းသူလည်း မိုင်းစထိမှန် ဒဏ်ရာရသွားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ဒေသခံ PDF အဖွဲ့များသည် လုံခြုံရေးအဖွဲ့များ အသုံးပြုသည့် ရေဦး-မုံရွာ ကားလမ်းကို မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သည်။

 

Photo – ပုံဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #ဘုတလင်မြို့ #ပေါက်ကွဲမှု

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post