• Follow Us on

Home ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရး စာပို႔ေတာင္းဆိုမည့္ဆႏၵျပသူမ်ားကို ထိုင္းရဲမ်ားကမီးသတ္ပိုက္ျဖင့္ထိုးၿပီး လူစုခြဲ

ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရး စာပို႔ေတာင္းဆိုမည့္ဆႏၵျပသူမ်ားကို ထိုင္းရဲမ်ားကမီးသတ္ပိုက္ျဖင့္ထိုးၿပီး လူစုခြဲ

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၉

ထိုင္းမင္းမ်ိဳးမင္းႏြယ္မ်ား၏ ႐ံုးခန္းမ်ား႐ွိရာသို႔ခ်ီတက္ရာတြင္ ရဲမ်ားႏွင့္လံုျခံဳေရးတပ္ဖြဲ႔၀င္မ်ားႏွင့္ ထိပ္တိုက္ ေတြ႕ၿပီးေနာက္ တနဂၤေႏြေန႔ညတြင္ ဆႏၵျပသူမ်ားလူစုကြဲခဲ့သည္။

ဘန္ေကာက္ၿမိဳ႕႐ွိဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္မွ ႐ံုးခန္းမ်ား႐ွိရာသို႔ခ်ီတက္ၿပီး ဘုရင္မဟာဝိဇ ယေလာင္ကြန္းထံ ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ေရးေပးစာပို႔ေဆာင္မည့္ဆႏၵျပသူမ်ားကို အေစာပိုင္းတြင္ ရဲမ်ားက မီးသတ္ပိုက္ႏွင့္ထိုးခဲ့သည္။

ရဲမ်ားက မီးသတ္ပိုက္ျဖင့္ထိုးခဲ့ေသာ္လည္း အခ်ိဳ႕က နန္းေတာ္ႏွင့္ကပ္လ်က္ေနရာသို႔ထြက္ေျပးခဲ့သည္။

ထိပ္တိုက္ေတြ႕ဆံုၿပီးေနာက္ ဆႏၵျပသူမ်ားႏွင့္ရဲမ်ားက စာေပးပို႔ေပးေရးေဆြးေႏြးခဲ့ၾကၿပီး ရဲမ်ားက မီးသတ္ပိုက္အသံုးျပဳျခင္းအတြက္ ေတာင္းပန္ခဲ့သည္။

ထိုင္းဘုရင္သည္ ဘုရင္အုပ္ခ်ဳပ္မႈအာဏာကိုစိန္ေခၚေသာမၾကံဳစဖူးႏိုင္ငံေရးလႈပ္႐ွားမႈျဖင့္ ရင္ဆိုင္ေနရသည္။

တနဂၤေႏြေန႔ဆႏၵျပပြဲမ်ားသည္ ၿပီးခဲ့သည့္လမ်ားအတြင္း ထိုင္းႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ဆႏၵျပပြဲမ်ား၏ တစိတ္တပိုင္းျဖစ္သည္။

ဆႏၵျပသူမ်ားက ထိုင္း၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ရန္၊ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးဆြဲရန္ႏွင့္ ထိုင္းဘုရင့္ အာဏာျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ရန္တို႔ေတာင္းဆိုေနသည္။

Ref : Thai police use water cannon on protesters in Bangkok

#PeopleMedia

(unicode)
ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး စာပို့တောင်းဆိုမည့်ဆန္ဒပြသူများကို ထိုင်းရဲများကမီးသတ်ပိုက်ဖြင့်ထိုးပြီး လူစုခွဲ
……………………………………………………….

ဘန်ကောက်၊ နိုဝင်ဘာ ၉

ထိုင်းမင်းမျိုးမင်းနွယ်များ၏ ရုံးခန်းများရှိရာသို့ချီတက်ရာတွင် ရဲများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ပြီးနောက် တနင်္ဂနွေနေ့ညတွင် ဆန္ဒပြသူများလူစုကွဲခဲ့သည်။

ဘန်ကောက်မြို့ရှိဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်မှ ရုံးခန်းများရှိရာသို့ချီတက်ပြီး ဘုရင်မဟာဝိဇ ယလောင်ကွန်းထံ ဘုရင်စနစ်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးပေးစာပို့ဆောင်မည့်ဆန္ဒပြသူများကို အစောပိုင်းတွင် ရဲများက မီးသတ်ပိုက်နှင့်ထိုးခဲ့သည်။

ရဲများက မီးသတ်ပိုက်ဖြင့်ထိုးခဲ့သော်လည်း အချို့က နန်းတော်နှင့်ကပ်လျက်နေရာသို့ထွက်ပြေးခဲ့သည်။

ထိပ်တိုက်တွေ့ဆုံပြီးနောက် ဆန္ဒပြသူများနှင့်ရဲများက စာပေးပို့ပေးရေးဆွေးနွေးခဲ့ကြပြီး ရဲများက မီးသတ်ပိုက်အသုံးပြုခြင်းအတွက် တောင်းပန်ခဲ့သည်။

ထိုင်းဘုရင်သည် ဘုရင်အုပ်ချုပ်မှုအာဏာကိုစိန်ခေါ်သောမကြုံစဖူးနိုင်ငံရေးလှုပ်ရှားမှုဖြင့် ရင်ဆိုင်နေရသည်။

တနင်္ဂနွေနေ့ဆန္ဒပြပွဲများသည် ပြီးခဲ့သည့်လများအတွင်း ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်ဆန္ဒပြပွဲများ၏ တစိတ်တပိုင်းဖြစ်သည်။

ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရန်နှင့် ထိုင်းဘုရင့် အာဏာပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်တို့တောင်းဆိုနေသည်။

Ref : Thai police use water cannon on protesters in Bangkok

#PeopleMedia


Share this post