• Follow Us on

Home ဘူးလတ်လှဆွေအပါအဝင် ဦးဝီရသူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မည်မဟုတ်

ဘူးလတ်လှဆွေအပါအဝင် ဦးဝီရသူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မည်မဟုတ်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသော ဦးဝီရသူနှင့် ဘူးလတ်လှဆွေစသည်တို့အား နိုင်ငံအကျဉ်းသားအဖြစ် သတ်မှတ်ခံရမည်မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူးဖြစ်သူ ဦးဘိုကြည်က ပြောသည်။

“ကျွန်တော်တို့က ဒီမိုကရေစီအရေး လူ့အခွင့်အရေး အမျိုးသားတန်းသူရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတွေ ကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နေတာမဟုတ်ရင်တော့ နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်ပါဘူး” ဟု ဦးဘိုကြည်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟုဆိုသည်မှာ နိုင်ငံရေးဥပဒေပုဒ်မဖြင့် အကျဉ်းကျခံရုံဖြင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်၍ မဖြစ်နိုင်ဘဲ ၎င်းတို့ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များကိုပါ ကြည့်ရှုဆုံးဖြတ်ရကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ဥပဒေပုဒ်မတစ်ခုထဲကို ကြည့်ပြီးတော့ မဆုံးဖြတ်ဘူး။ သူတို့ တစ်ဦးခြင်းရဲ့ လုပ်ဆောင် ချက်ကိုပါ ထည့်စဉ်းစားပြီးတော့မှ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ် မသတ်မှတ်ဘူးဆိုတာ ကျွန်တော်တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ ဝင်တယ် မဝင်ဘူးဆိုတာ ကြည့်ပြီးတော့မှ ဆုံးဖြတ်တာပါ” ဟု ဦးဘိုကြည်က ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် လက်ရှိအချိန် နိုင်ငံရေးအကျဉ်း သားအဖြစ်သတ်မှတ်ခံရသူ ၅၀၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံရသူများကိုလဲ ၎င်းတို့အနေဖြင့် ကူညီစောင့်ရှောက်မှုများကိုလဲ ဆောင်ရွက်လျက်ရှိသည်။

Photo – Credit

#PeopleMedia #AAPP

(unicode)
………………………………………………..







Photo – Credit

#PeopleMedia #AAPP


Share this post