• Follow Us on

Home မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဒေါ်ခင်မြတ်သူနှင့် ၎င်း၏ မိသားစုဝင် သုံးဦး ဖမ်းဆီးခံရ

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဒေါ်ခင်မြတ်သူနှင့် ၎င်း၏ မိသားစုဝင် သုံးဦး ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

၂၀၂၀ ရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ဒေါ်ခင်မြတ်သူသည် ဩဂုတ်လ(၂၃)ရက်နေ့ ညနေပိုင်းက ၎င်းနှင့်အတူ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခံလိုက်ရကြောင်း NLD ပါတီဝင်အချို့က အတည်ပြုပြောကြားသည်။

 

လက်ရှိတွင် မည်ကဲ့သို့ ဖမ်းဆီးခံရသည်ကို သိရှိရခြင်းမရှိသေးပဲ ဒေါ်ခင်မြတ်သူ၏ အစ်ကိုဖြစ်သူ အရင်ဖမ်းဆီး ခံရပြီးနောက် မှော်ဘီမြို့တွင် တိမ်းရှောင်နေသည့် ဒေါ်ခင်မြတ်သူနှင့် ၎င်း၏ အမျိုးသားဖြစ်သူကိုပါ ဖမ်းဆီးခံ ရခြင်းဖြစ်ကြောင်း သိရသည်။

 

“ဖမ်းဆီးခံရတာတော့ ဟုတ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာ အဖမ်းခံရတာတော့ မဟုတ်ဘူး၊ မှော်ဘီမှာ အဖမ်းခံရ တာ သူအစ်ကိုကို အရင်ဖမ်းမိပြီးတော့ သူတို့ကိုပါ ဖမ်းမိခဲ့တာ” ဟု NLD ပါတီဝင်တစ်ဦးက ပြောဆိုသည်။

 

#PeopleMedia #NLD #မင်္ဂလာဒုံမြို့နယ်

 

(unicode)


………………………………………………………………..

 


 


 


 


 

#PeopleMedia #NLD #မငျ်ဂလာဒုံမွို့နယျ


Share this post