• Follow Us on

Home မင္းလွၿမိဳ႕နယ္ၿမိဳ႕နယ္၌ စစ္ေၾကာင္းဖြဲ႕၍ ဘိန္းခင္းမ်ား လ်ိဳ႕ဝွက္စိုက္ပ်ိဳးမႈ ရွိ/မရွိ ေတာနင္းရွာေဖြေနရာ ပုိင္ရွင္မဲ့ တစ္ဧက ေတြ႕ရွိ

မင္းလွၿမိဳ႕နယ္ၿမိဳ႕နယ္၌ စစ္ေၾကာင္းဖြဲ႕၍ ဘိန္းခင္းမ်ား လ်ိဳ႕ဝွက္စိုက္ပ်ိဳးမႈ ရွိ/မရွိ ေတာနင္းရွာေဖြေနရာ ပုိင္ရွင္မဲ့ တစ္ဧက ေတြ႕ရွိ

Share this post

မင္းလွၿမိဳ႕နယ္ၿမိဳ႕နယ္၌ စစ္ေၾကာင္းဖြဲ႕၍ ဘိန္းခင္းမ်ား လ်ိဳ႕ဝွက္စိုက္ပ်ိဳးမႈ ရွိ/မရွိ ေတာနင္းရွာေဖြရာ ပိုင္ရွင္မဲ့ တစ္ဧက ေတြ႕ရွိ
…………………………………………………………

မေကြး၊ ဒီဇင္ဘာ – ၇

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္တြင္ ဘိန္းခင္းမ်ားလ်ိဳ႕ဝွက္စိုက္ပ်ိဳးမႈ ရွိ/မရွိကို ဘိန္းခင္းရွာေဖြဖ်က္ဆီးေရး စစ္ေၾကာင္းအဖြဲ႕ ဖြဲ႕ကာ ေတာနင္းရွာေဖြရာ ပိုင္ရွင္မဲ့ တစ္ဧက ေတြ႕ရွိခဲ့သည္။

မင္းလွၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးၾကည္စိုးက ဦးေဆာင္၍ ၿမိဳ႕နယ္နယ္ေထြအုပ္၊ သစ္ေတာ၊ စိုက္ပ်ိဳးေရး၊ က်န္းမာ ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ တပ္မေတာ္သားမ်ားႏွင့္အတူ ဘိန္းခင္းရွာေဖြဖ်က္ဆီးေရး စစ္ေၾကာင္းအဖြဲ႕ ဖြဲ႕ကာ ဒီဇင္ဘာလ ၂ ရက္ ေန႔လည္ ၁ နာရီခြဲမွ စတင္ၿပီး လက္ပံတံခါးနယ္ေျမအတြင္း လိုက္လံရွာေဖြေနၾက ျခင္းျဖစ္သည္။

ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ ဆင္ယင္ေက်းရြာအနီးရွိ ေတာေတာင္လ်ိဳေျမာင္မ်ားအတြင္း ဘိန္းခင္းစိုက္ပ်ိဳးမႈ ရွိ/မရွိေတာနင္းရွာေဖြခဲ့ၾကရာ ဆင္ယင္ေက်းရြာအေနာက္ဘက္(၂)မိုင္ခန္႔အကြာတြင္ ဘိန္းပင္ေပါက္ ၃ လက္မ မွ ၈ လက္မခန္႔ရွိေသာ ဘိန္းစိုက္ခင္းတစ္ဧကကို ရွာေဖြေတြ႕ရွိခဲ့ၾကသည္။

ရွာေဖြေတြ႕ရွိခဲ့သည့္ ဘိန္းစိုက္ခင္းမွာ ပိုင္ရွင္မဲ့ျဖစ္ေနၿပီး ၎ဘိန္းစိုက္ခင္းတစ္ဧကကို ေန႔လည္ ၁ နာရီခြဲမွ စတင္၍ ဖ်က္ဆီးျခင္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။

#PeopleMedia

(Unicode)
မင်းလှမြို့နယ်မြို့နယ်၌ စစ်ကြောင်းဖွဲ့၍ ဘိန်းခင်းများ လျို့ဝှက်စိုက်ပျိုးမှု ရှိ/မရှိ တောနင်းရှာဖွေရာ ပိုင်ရှင်မဲ့ တစ်ဧက တွေ့ရှိ
…………………………………………………………

မကွေး၊ ဒီဇင်ဘာ – ၇

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဘိန်းခင်းများလျို့ဝှက်စိုက်ပျိုးမှု ရှိ/မရှိကို ဘိန်းခင်းရှာဖွေဖျက်ဆီးရေး စစ်ကြောင်းအဖွဲ့ ဖွဲ့ကာ တောနင်းရှာဖွေရာ ပိုင်ရှင်မဲ့ တစ်ဧက တွေ့ရှိခဲ့သည်။

မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြည်စိုးက ဦးဆောင်၍ မြို့နယ်နယ်ထွေအုပ်၊ သစ်တော၊ စိုက်ပျိုးရေး၊ ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့်အတူ ဘိန်းခင်းရှာဖွေဖျက်ဆီးရေး စစ်ကြောင်းအဖွဲ့ ဖွဲ့ကာ ဒီဇင်ဘာလ ၂ ရက် နေ့လည် ၁ နာရီခွဲမှ စတင်ပြီး လက်ပံတံခါးနယ်မြေအတွင်း လိုက်လံရှာဖွေနေကြ ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဆင်ယင်ကျေးရွာအနီးရှိ တောတောင်လျိုမြောင်များအတွင်း ဘိန်းခင်းစိုက်ပျိုးမှု ရှိ/မရှိတောနင်းရှာဖွေခဲ့ကြရာ ဆင်ယင်ကျေးရွာအနောက်ဘက်(၂)မိုင်ခန့်အကွာတွင် ဘိန်းပင်ပေါက် ၃ လက်မ မှ ၈ လက်မခန့်ရှိသော ဘိန်းစိုက်ခင်းတစ်ဧကကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရှာဖွေတွေ့ရှိခဲ့သည့် ဘိန်းစိုက်ခင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေပြီး ၎င်းဘိန်းစိုက်ခင်းတစ်ဧကကို နေ့လည် ၁ နာရီခွဲမှ စတင်၍ ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

#PeopleMedia


Share this post