• Follow Us on

Home မင္းျပားရွိ စစ္ေရွာင္စခန္း ႏွစ္ခုထံ လာေရာက္လႉဒါန္းသည့္ ေက်ာင္းသားသမဂၢမ်ားကြန္ရက္(ပခုကၠဴ)၏ ယာဥ္အမ္းၿမိဳ႕၌ တားျမစ္ခံထားရ

မင္းျပားရွိ စစ္ေရွာင္စခန္း ႏွစ္ခုထံ လာေရာက္လႉဒါန္းသည့္ ေက်ာင္းသားသမဂၢမ်ားကြန္ရက္(ပခုကၠဴ)၏ ယာဥ္အမ္းၿမိဳ႕၌ တားျမစ္ခံထားရ

Share this post

ရန္ကုန္၊ေအာက္တိုဘာ-၁၈

ရခိုင္ျပည္နယ္၊မင္းျပားၿမိဳ႕ရွိ စစ္ေရွာင္စခန္း ႏွစ္ခုထံ လာေရာက္လႉဒါန္းသည့္ ေက်ာင္းသားသမဂၢမ်ားကြန္ရက္(ပခုကၠဴ)၏ ယာဥ္သည္ ေအာက္တိုဘာ ၁၈ ရက္ေန႕၌ အမ္းၿမိဳ႕အဝင္တြင္ တားျမစ္ခံထားရသည္။

စစ္ေရွာင္စခန္းႏွစ္ခုကို လႉဒါန္းရန္ ပခုကၠဴၿမိဳ႕ရွိ ျပည္သူမ်ားထံ အလႉေငြႏွင့္အဝတ္အထည္မ်ား အလႉခံခဲ့ၿပီး လႉဒါန္းမည့္ ပစၥည္းစာရင္းႏွင့္လိုက္ပါလာမည့္ လူစာရင္းကို သက္ဆိုင္ရာ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပထားၿပီးျဖစ္သည္။အစိုးရအဖြဲ႕၏ ခြင့္ျပဳ႕ခ်က္ျဖင့္ မင္းျပားၿမိဳ႕ကို သြားေရာက္ခဲ့ေသာ္လည္း အမ္းၿမိဳ႕၌ တားျမစ္ခံရျခင္း ျဖစ္သည္။

ေက်ာင္းသားသမဂၢမ်ားကြန္ရက္(ပခုကၠဴ)မွ ေက်ာင္းသားေခါင္းေဆာင္ (၉)ဦးသည္ ေအာက္တိုဘာ ၁၇ ရက္၌ ပခုကၠဴၿမိဳ႕မွ စတင္ထြက္ခြာလာခဲ့ၿပီး ေအာက္တိုဘာ ၁၈ ရက္ေန႕ မင္းျပားၿမိဳ႕အဝင္၌ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားမွ တားျမစ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်ာင္းသားမ်ားသမဂၢကြန္ရာက္သည္ သက္ဆိုင္ရာ ရခိုင္ျပည္နယ္အစိုးရအဖြဲ၏ ခြင့္ျပဳ႕ခ်က္ျဖင့္ မင္းျပားၿမိဳ႕ကို သြားေရာက္ခဲ့ျခင္းျဖစ္ေသာ္လည္း အမ္းၿမိဳ႕၌ တားျမစ္ခံရျခင္းျဖစ္သည္။၎တို႔သည္ စစ္ေရွာင္စခန္းႏွစ္ခုကို ကူညီရန္ ယာဥ္ေပၚ၌ က်ပ္သိန္း (၇၀)ခန့္ တန္ဖိုးရွိ ပစၥည္းမ်ားပါဝင္သည္။

[Unicode]
မင်းပြားရှိ စစ်ရှောင်စခန်း နှစ်ခုထံ လာရောက်လှူဒါန်းသည့် ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)၏ ယာဉ် အမ်းမြို့၌ တားမြစ်ခံထားရ
………………………………………………………………………………….

ရန်ကုန်၊အောက်တိုဘာ-၁၈

ရခိုင်ပြည်နယ်၊မင်းပြားမြို့ရှိ စစ်ရှောင်စခန်း နှစ်ခုထံ လာရောက်လှူဒါန်းသည့် ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)၏ ယာဉ်သည် အောက်တိုဘာ ၁၈ ရက်နေ့၌ အမ်းမြို့အဝင်တွင် တားမြစ်ခံထားရသည်။

စစ်ရှောင်စခန်းနှစ်ခုကို လှူဒါန်းရန် ပခုက္ကူမြို့ရှိ ပြည်သူများထံ အလှူငွေနှင့်အဝတ်အထည်များ အလှူခံခဲ့ပြီး လှူဒါန်းမည့် ပစ္စည်းစာရင်းနှင့်လိုက်ပါလာမည့် လူစာရင်းကို သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်သည်။အစိုးရအဖွဲ့၏ ခွင့်ပြု့ချက်ဖြင့် မင်းပြားမြို့ကို သွားရောက်ခဲ့သော်လည်း အမ်းမြို့၌ တားမြစ်ခံရခြင်း ဖြစ်သည်။

ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)မှ ကျောင်းသားခေါင်းဆောင် (၉)ဦးသည် အောက်တိုဘာ ၁၇ ရက်၌ ပခုက္ကူမြို့မှ စတင်ထွက်ခွာလာခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့ မင်းပြားမြို့အဝင်၌ အုပ်ချုပ်ရေးအဖွဲ့များမှ တားမြစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသားများသမဂ္ဂကွန်ရာက်သည် သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ၏ ခွင့်ပြု့ချက်ဖြင့် မင်းပြားမြို့ကို သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း အမ်းမြို့၌ တားမြစ်ခံရခြင်းဖြစ်သည်။၎င်းတို့သည် စစ်ရှောင်စခန်းနှစ်ခုကို ကူညီရန် ယာဉ်ပေါ်၌ ကျပ်သိန်း (၇၀)ခန့် တန်ဖိုးရှိ ပစ္စည်းများပါဝင်သည်။

#PeopleMedia# #စစ္ေရွာင္

Photo-Bo Chit


Share this post