• Follow Us on

Home အိမ္အကူေတြအတြက္ သီးသန္႔ဥပေဒ ျပဌာန္းႏိုင္ရန္လိုအပ္

အိမ္အကူေတြအတြက္ သီးသန္႔ဥပေဒ ျပဌာန္းႏိုင္ရန္လိုအပ္

Share this post

ေအာင္ေအာင္
 
မႏၲေလး ေအာက္တိုဘာ – ၁၈
 
ျမန္မာႏိုင္ငံတြင္ အိမ္အကူမ်ားအတြက္ သီးသန္႔ဥပေဒ ျပဌာန္းႏိုင္ရန္လိုအပ္ေၾကာင္း အိမ္အကူအလုပ္သမား မ်ားဆိုင္ရာ ဥပေဒအကာအကြယ္ေပးေရး လုပ္ငန္းအဖြဲ႕က တာဝန္ရွိသူမ်ားက သုံးသပ္ေျပာၾကားၾကသည္။
 
အိမ္အကူမ်ားအတြက္ သီးသန္႔ဥပေဒ ေပၚေပါက္ရန္အတြက္ ရည္ရြယ္၍ မႏၲေလးၿမိဳ႕ဟိုတယ္ဆာကူရာတြင္ စက္တင္ဘာလ ၁၈ ရက္ေန႔က အိမ္အကူလုပ္သားမ်ားဆိုင္ရာ ျမန္မာႏိုင္ငံ၏ ဥပေဒမ်ားကို ေလ့လာစမ္းစစ္သုံး သပ္ခ်က္မ်ားအား မိတ္ဆက္ျခင္းအခမ္းအနား ျပဳလုပ္ခဲ့သည္။
 
အဆိုပါအခမ္းအနားတြင္ လူမႈဝန္ထမ္းဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဥပေဒပညာရွင္မ်ား ႏွင့္ အရပ္ဖက္လူ့အဖြဲ႕အစည္းမ်ား တက္ေရာက္ခဲ့ၾကသည္ ။
 
“ကြၽန္မတို႔ စမ္းစစ္ေလ့လာထားတဲ့ ေတြ႕ရွိခ်က္ေတြကိုျဖန္႔ေဝၿပီးေတာ့ ဒီပြဲကေန ျပည္သူေတြရဲ႕ အသံ သက္ဆိုင္ရာ တာဝန္ရွိသူေတြရဲ႕ အသံေတြကေနတစ္ဆင့္ အိမ္အကူ အလုပ္သမားေတြအတြက္ သီးသန္႔ဥပေဒတစ္ခုျပ႒ာန္းေပးဖို႔ ေတာင္းဆိုဖို႔အတြက္ ရည္ရြယ္ပါတယ္”ဟု အိမ္အကူအလုပ္သမားမ်ားဆိုင္ရာ ဥပေဒအကာအကြယ္ေပးေရး လုပ္ငန္းအဖြဲ႕ ဥကၠ႒ ေဒၚလွလွရီ က ေျပာသည္ ။
 
အိမ္အကူအလုပ္သမားမ်ားဆိုင္ရာ ဥပေဒအကာအကြယ္ေပးေရး လုပ္ငန္းအဖြဲ႕သည္ ႏိုင္ငံတစ္ကာအလုပ္သမားအဖြဲ႕ (ILO) ၏ အကူအညီျဖင့္ ျပည္တြင္း အရပ္ဖက္လူ့အဖြဲ႕အစည္း (၇) ဖြဲ႕ႏွင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က အိမ္အကူမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအတြင္းရွိ ဥပေဒမ်ားကို ေလ့လာသုံးသပ္ကာ စာအုပ္ထုတ္ထားသည္ ။
 
အဆိုပါ စာအုပ္တြင္ ျမန္မာႏိုင္ငံ၌ အိမ္အကူမ်ားအတြက္ တိက်သည့္ ကာကြယ္ေပးမႈမ်ားမရွိေၾကာင္း ႏွင့္ အားနည္းမႈမ်ားရွိေနေၾကာင္း ေဖာ္ျပထားသည္ ။
 
“အိမ္အကူလုပ္သားေတြဆိုတာ စက္႐ုံေတြမွာ လုပ္ေနတဲ့ အလုပ္သမားေတြနဲ႔ မတူဘူး။ အိမ္ထဲမွာ လုပ္တဲ့ လူေတြဆိုေတာ့ ဆက္သြယ္လို႔မရဘူး။ သူတို႔ အသက္ခံရတာေတြ ညႇင္းပမ္းႏွိတ္ဆက္ခံရတာ ေတြျဖစ္လာမွ သိရတဲ့အေနအထားျဖစ္တယ္။ ျဖစ္သြားၿပီးတဲ့အတြက္ သူတို႔မွာ ဆုံးရႈံးနစ္နာမႈေတြအမ်ားႀကီးရွိတယ္”ဟု အနာ ဂါတ္အလင္းတန္းမ်ားဆုံမွတ္ မွ ဒါ႐ိုက္တာ ေဒၚသက္သက္ေအာင္ က ေျပာသည္ ။
 
အိမ္အကူလုပ္သားမ်ားဆိုင္ရာ ျမန္မာႏိုင္ငံ၏ ဥပေဒမ်ားကို ေလ့လာစမ္းစစ္သုံးသပ္ခ်က္မ်ားအား မိတ္ဆက္ျခင္းအခမ္းအနားကို ရန္ကုန္ၿမိဳ႕တြင္လည္း ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
 
(unicode)
အိမ်အကူတွေအတွက် သီးသန့်ဥပဒေ ပြဌာန်းနိုင်ရန်လိုအပ်
 
အောင်အောင်
 
မန္တလေး အောက်တိုဘာ – ၁၈
 
မြန်မာနိုင်ငံတွင် အိမ်အကူများအတွက် သီးသန့်ဥပဒေ ပြဌာန်းနိုင်ရန်လိုအပ်ကြောင်း အိမ်အကူအလုပ်သမား များဆိုင်ရာ ဥပဒေအကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့က တာဝန်ရှိသူများက သုံးသပ်ပြောကြားကြသည်။
 
အိမ်အကူများအတွက် သီးသန့်ဥပဒေ ပေါ်ပေါက်ရန်အတွက် ရည်ရွယ်၍ မန္တလေးမြို့ဟိုတယ်ဆာကူရာတွင် စက်တင်ဘာလ ၁၈ ရက်နေ့က အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို လေ့လာစမ်းစစ်သုံး သပ်ချက်များအား မိတ်ဆက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
 
အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည် ။
 
“ကျွန်မတို့ စမ်းစစ်လေ့လာထားတဲ့ တွေ့ရှိချက်တွေကိုဖြန့်ဝေပြီးတော့ ဒီပွဲကနေ ပြည်သူတွေရဲ့ အသံ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အသံတွေကနေတစ်ဆင့် အိမ်အကူ အလုပ်သမားတွေအတွက် သီးသန့်ဥပဒေတစ်ခုပြဋ္ဌာန်းပေးဖို့ တောင်းဆိုဖို့အတွက် ရည်ရွယ်ပါတယ်”ဟု အိမ်အကူအလုပ်သမားများဆိုင်ရာ ဥပဒေအကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှရီ က ပြောသည် ။
 
အိမ်အကူအလုပ်သမားများဆိုင်ရာ ဥပဒေအကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့သည် နိုင်ငံတစ်ကာအလုပ်သမားအဖွဲ့ (ILO) ၏ အကူအညီဖြင့် ပြည်တွင်း အရပ်ဖက်လူ့အဖွဲ့အစည်း (ရ) ဖွဲ့နှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ်က အိမ်အကူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ ဥပဒေများကို လေ့လာသုံးသပ်ကာ စာအုပ်ထုတ်ထားသည် ။
 
အဆိုပါ စာအုပ်တွင် မြန်မာနိုင်ငံ၌ အိမ်အကူများအတွက် တိကျသည့် ကာကွယ်ပေးမှုများမရှိကြောင်း နှင့် အားနည်းမှုများရှိနေကြောင်း ဖော်ပြထားသည် ။
 
“အိမ်အကူလုပ်သားတွေဆိုတာ စက်ရုံတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေနဲ့ မတူဘူး။ အိမ်ထဲမှာ လုပ်တဲ့ လူတွေဆိုတော့ ဆက်သွယ်လို့မရဘူး။ သူတို့ အသက်ခံရတာတွေ ညှင်းပမ်းနှိတ်ဆက်ခံရတာ တွေဖြစ်လာမှ သိရတဲ့အနေအထားဖြစ်တယ်။ ဖြစ်သွားပြီးတဲ့အတွက် သူတို့မှာ ဆုံးရှုံးနစ်နာမှုတွေအများကြီးရှိတယ်”ဟု အနာ ဂါတ်အလင်းတန်းများဆုံမှတ် မှ ဒါရိုက်တာ ဒေါ်သက်သက်အောင် က ပြောသည် ။
 
အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို လေ့လာစမ်းစစ်သုံးသပ်ချက်များအား မိတ်ဆက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့တွင်လည်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Share this post