• Follow Us on

Home မစ်ဇိုင်းတိုက်ခိုက်မှုတွင် အမေရိကန်စစ်သားများကျဆုံးမှုမရှိသည့် အကြောင်းအရင်းကို အီရန်ထုတ်ဖော် ပြောကြား


Share this post





Ref; Al Jazeera


(Unicode)
မစ်ဇိုင်းတိုက်ခိုက်မှုတွင် အမေရိကန်စစ်သားများကျဆုံးမှုမရှိသည့် အကြောင်းအရင်းကို အီရန်ထုတ်ဖော် ပြောကြား
……………………………………………………………

အီရတ်အခြေစိုက် အမေရိကန်စစ်စခန်းတွေကို မစ်ဇိုင်းနဲ့ တိုက်ခိုက်မှုဟာ စစ်သားတွေကို သတ်ဖို့ ပစ်မှတ် ထားခဲ့တာမဟုတ်ဘူးလို့ အီရန်စီနီယာတပ်မှူးတစ်ဦးက ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ အမေရိကန်စစ်စခန်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ဒေသတွင်း အဆက်အပြတ် တိုက်ခိုက်မှုတွေအတွက် အစသာဖြစ်တယ်လို့ ၄င်းကပြောပါတယ်။

ဒါ့အပြင် အီရန်အနေနဲ့ ဗိုလ်ချုပ်ဆိုလီမန်နီကို အမေရိကန်က သတ်ဖြတ်မှုအတွက် သင့်လျှော်တဲ့ လက်စားချေမှု ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အရှေ့အလယ်ပိုင်းက မောင်းထုတ်ဖို့ဖြစ်တယ်လို့ ၄င်းကပြောပါတယ်။

ဆက်လက်ပြီး အီရတ်ကို မစ်ဇိုင်းတိုက်ခိုက်မှုကို အမေရိကန်ကလက်တုံ့ပြန်ခဲ့ရင် အရှေ့အလယ်ပိုင်းဒေသတစ်ခု လုံး တိုက်ပွဲတွေဖြစ်ပွားစေလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

Ref; Al Jazeera

#PeopleMedia #International


Share this post