• Follow Us on

Home မည်သည့်အခြေအနေမျိုးဖြင့် ကြုံတွေ့စေကာမူ လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုးမပြုလုပ်စေရန် ကျန်းမာရေးဝန်ကြီး မှာကြား

မည်သည့်အခြေအနေမျိုးဖြင့် ကြုံတွေ့စေကာမူ လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုးမပြုလုပ်စေရန် ကျန်းမာရေးဝန်ကြီး မှာကြား

Share this post

နေပြည်တော်၊ မတ် ၁

 

မည်သည့်အခြေအနေမျိုးဖြင့် ကြုံတွေ့စေကာမူ လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုး မပြုလုပ်စေရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မှာကြားလိုက်သည်။

 

ကျန်းမာရေးဝန်ကြီးဌာန သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းမှာကြားခဲ့ ခြင်းဖြစ်သည်။

 

“သူနာပြုမိခင်ကြီး ဖလောရင့်စ်နိုက်တင်ဂေးလ်ရဲ့ စိတ်ဓာတ်၊ မြန်မာနိုင်ငံက ဖလောရင့်စ်နိုက်တင်ဂေးလ် ဆုရရှိခဲ့တဲ့ သူနာပြုလေးဦးတို့ကို စံပြုထားပြီး ကိုယ်ကျိုးစွန့်ပြီး လူနာတွေရဲ့ အသက်အန္တရာယ်တွေကို ကာ ကွယ်ပြုစုစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ဘယ်အခြေအနေမျိုးနဲ့ ကြုံတွေ့စေကာမူ လူနာတွေကို တာဝန်မဲ့စွာ စွန့်ခွာသွားတာမျိုး မပြုလုပ်စေဖို့ကို အထူးအလေးထား မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း သူနာပြုသားဖွားများ၏ အင်အားကို ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေး မူဝါဒနှင့်အညီ၊ အမျိုးသားကျန်းမာရေး စီမံကိန်း၊ ကျေးလက်ဒေသ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြန်မာ့ကျန်းမာရေး ဆိုင်ရာ မျှော်မှန်းချက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းတို့ကို စနစ်တကျ ရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျားအပါအဝင် တစ်နိုင်ငံလုံးကို ကျန်းမာရေး စောင့် ရှောက်မှုတိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ယခု အလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ ဆရာမများကို အထူးမှာကြားလိုသည်မှာ နိုင်ငံ တော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် ထမ်းရွက်ရာ၌ မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွား ရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြု ဆရာ/ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များ ကို လိုက်နာကျင့်ကြံ ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post