• Follow Us on

Home မာန်အောင်မြို့နယ်၊ မီးတောင်ကျွန်းအနီး၌ မြွေဦးခေါင်းနှင့် ဆင်တူသည်ဟူ ယူဆရသော ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

မာန်အောင်မြို့နယ်၊ မီးတောင်ကျွန်းအနီး၌ မြွေဦးခေါင်းနှင့် ဆင်တူသည်ဟူ ယူဆရသော ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

Share this post

မာန်အောင်၊ ဇန်နဝါရီ ၁၉ (People Media)

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မီးတောင်ကျွန်းအနီး၌ မြွေဦးခေါင်း၊ မြွေအရိုးစုနှင့် ဆင်တူသည်ဟု ယူဆ ရသော ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု တွေ့ရှိခဲ့သည်။

 

“ရုပ်ကြွင်းဖြစ်မယ်။ တူးဖော်ပြီး ဘုန်းကြီးမှာ ထိန်းသိမ်းထားတယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ လေ့ လာစမ်းစစ်ချက်အရ အဲ့ဒီ ကျောက်ဖြစ်ရုပ်ကြွင်းက ကိုယ်ခန္ဓာ အလျားအရှည်ပေက ၇၇ ပေဖြစ်တယ်။ မြွေဦး ခေါင်းကဲသို့ ရှည်မျှောသွယ်တန်းတဲ့ ဦးခေါင်းအမျိုးအစားဖြစ်ပြီး ထူးခြားချက်က ဦးခေါင်းမှာ ချိုပါဝင်နေတာ ဖြစ်တယ်။ ပညာရှင်တွေ ခန့်မှန်းချက်ကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀၀ ကျော်ကလို့ ခန့်မှန်းထားတာ” လို့ မီးတောင်ကျွန်းနယ်ခံတစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်အပေါ် ထပ်မံ အတည်ပြုချက် ရယူရန် ပြည်နယ်အစိုးရ၏ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ  ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

 

Photo – Credit

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post