• Follow Us on

Home မရမ်းကုန်းနှင့် သာကေတတို့တွင် ငွေကျပ်သိန်း (၁၁၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မရမ်းကုန်းနှင့် သာကေတတို့တွင် ငွေကျပ်သိန်း (၁၁၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မရမ်းကုန်းမြို့နယ်နှင့် သာကေတမြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်လိုက်သည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂ ရက်နေ့ ၁၂နာရီ ၃၀မိနစ် အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူ တာရုံလမ်းရှိ ဟိုတယ်အနီးတွင် စောင့်ဆိုင်းနေစဉ် ဟိုတယ် ဝင်ပေါက်အနီးသို့ ဖေမြတ်ဝင်း(ခ)ဦးဖေ မောင်း နှင်လာသည့် TOYOTA BELTA ယာဉ်ပေါ်မှ ဇေယျအောင် မှာ ခရီးဆောင်အိတ်အား ကိုင်ဆောင်၍ —–ဟိုတယ်အနီးတွင် တင်ကိုကို၊ အောင်မျိုးဦး တို့ထံ ခရီးဆောင်အိတ်အားပေးကာ —– ဟိုတယ်ဝင်းအတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား ၁၀၀၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

၎င်းတို့ စစ်ဆေး ပေါ်ပေါက်ချက်အရ ဆက်လက်၍ ၁၄ နာရီ ၃၀ မိနစ်အချိန် သာကေတမြို့နယ်၊ (၆) ရပ်ကွက်၊ မြင်တော်သာလမ်းရှိ ဖေမြတ်ဝင်း(ခ)ဦးဖေ နေထိုင်သော နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ တိုက်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဇေယျအောင်(၃၄)နှစ်၊ တင်ကိုကို(၄၃)နှစ်၊ အောင်မျိုးဦး (၃၆)နှစ် နှင့် ဖေမြတ်ဝင်း(ခ)ဦးဖေ(၅၀)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန် ထားသည်။

 

#PeopleMedia #CCDAC

 

(unicode)


…………………………………………………………

 


 


 


 


 

#PeopleMedia #CCDAC


Share this post