• Follow Us on

Home မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မူသော မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်း ပွဲတော်စည်ကားသိုက်မြိုက်စွာ ပူဇော်သွားမည်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မူသော မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်း ပွဲတော်စည်ကားသိုက်မြိုက်စွာ ပူဇော်သွားမည်

Share this post

စစ်ကိုင်း၊ မတ် ၁

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မှုသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ နယ်ရှိ ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်းပွဲတော်အား မတ်လ ၁၆ ရက်နေ့ တွင် စည်ကားသိုက်မြိုက်စွာ ပူဇော်သွားမည်ဖြစ်ကြောင်း နတ်တလူသာသနာပြုစခန်းမှ သိရသည်။

 

မဟာဗောဓိမြိုင်ဆရာတော်ဘုရား၏ သီလရိပ်သို့ ခိုဝင်လျက်ကပင် မကောင်းမှုကို လွှင့်နှင်ရန်၊ သမာဓိရိပ်သို့ ခိုဝင်လျက်ကပင် ကောင်းမှုကို ပင့်တင်ရန်၊ ပညာရိပ်သို့ ခိုဝင်လျက်ကပင် စိတ်ဓာတ်ကို မြှင့်တင်ရန်အလို့ငှာ ပင့်သံဃာ (၁၀၈) ပါးတို့အား ဒါနဝတ္ထုအစုစုတို့နှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နတ်တလူသာသနာပြုစခန်းနေရာ၌ ၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့ နံနက် ၈ နာရီအချိန်တွင် ဒါနဝတ္ထုအစုစုတို့နှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွား မည်ဖြစ်သလို နံနက် ၅ နာရီမှ နေ့ ၁၂ နာရီအထိ စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post