• Follow Us on

Home မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်ရန်နှင့် အဓိကမှာ ပြည်သူများအားလုံး ထမင်းမ ငတ်ရန်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်ရန်နှင့် အဓိကမှာ ပြည်သူများအားလုံး ထမင်းမ ငတ်ရန်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁ (People Media)

 

မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွာရေးပြန်လည်ကောင်းမွန်စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဓိကမှာ ပြည်သူများအားလုံး ထမင်းမငတ်ရန်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌကပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂) ကို ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။ န-စ-ကဥက္ကဋ္ဌက “မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ နိုင်ငံအတွင်း စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ စီမံခန့်ခွဲမှုအမှားများကြောင့် ၂၀၁၈ ခုနှစ်မှ စတင်၍ ကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ ငွေကြေးတည်ငြိမ်မှုရှိစေရန်အတွက် တရားနည်းလမ်းမကျသည့် အခြား နည်းလမ်းများဖြင့် ထိန်းချုပ်ဆောင်ရွက်ခဲ့ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အားပေးဆောင်ရွက်မှု မရှိခဲ့ခြင်းများကြောင့် ကုန်သွယ်မှုလိုငွေများနှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ရှိခဲ့ကြောင်း” ပြောသည်။

 

“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် နိုင်ငံများအားလုံး စီးပွားရေးထိခိုက်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကြီး မြင့်ခြင်း၊ ဝန်ဆောင်ခနှင့် ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်ခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာ ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွာရေးပြန်လည်ကောင်းမွန်စေရေးအတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကမှာပြည်သူများအားလုံး ထမင်းမ ငတ်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် အဆိုပါ အားသာချက်ကိုအသုံးချရမည် ဖြစ်ကြောင်း၊ ယခုအခါ စားသောက်ကုန်များ အထိုက်အလျောက်ထုတ်လုပ်နိုင်ခဲ့၍ ပြည်ပပို့ကုန်များကို တိုးမြှင့် တင်ပို့နိုင်ပြီ ဖြစ်ကြောင်း” န-စ-ကဥက္ကဋ္ဌကပြောသည်။

 

#PeopleMedia #နစက #စားဝတ်နေရေး

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post