• Follow Us on

Home မိေထြးကိုအေမထင္တဲ့ ကရင္ေတြကလြဲရင္ ကရင္တစ္မ်ိဳးသားလုံးက မိမိအား ေထာက္ခံေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း ဖဒိုမန္းၿငိမ္းေမာင္ေျပာဆို

မိေထြးကိုအေမထင္တဲ့ ကရင္ေတြကလြဲရင္ ကရင္တစ္မ်ိဳးသားလုံးက မိမိအား ေထာက္ခံေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း ဖဒိုမန္းၿငိမ္းေမာင္ေျပာဆို

Share this post

“ကရင္အမ်ိဳးသားေတြက ကၽြန္ေတာ္ကို အမ်ားဆုံး ၀န္းရံၾကတယ္၊ ဒါေပမဲ့ တစ္ခ်ိဳ႕ မိေထြးကို အေမထင္တဲ့ကရင္ေတြက လြဲရင္ ကရင္တစ္မ်ိဳးသားလုံးက ကၽြန္ေတာ္ကို ေထာက္ခံၾကတယ္၊ သူတို႔က အေမနဲ႔ မိေထြးကို မခြဲတက္ေသးလို႔ေလ” ဖဒိုမန္းၿငိမ္း ေမာင္(ပန္းတေနာ္ၿမိဳ႕နယ္-ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)
“ဘာလုပ္ေပးမယ္ ညာလုပ္ေပးမယ္ဆိုၿပီး မဲမဆြယ္ဘူးလို႔ ယုံၾကည္မွ မဲေပးပါ၊ မယုံၾကည္ရင္ မဲမေပးနဲ႔လို႔ ဒါေပမဲ့ ကၽြန္ေတာ္လူ ထုအတြက္ ဘာလုပ္ေပးရဆိုတဲ့ တာ၀န္ကို သိတယ္” ဖဒိုမန္းၿငိမ္းေမာင္ (ပန္းတေနာ္ၿမိဳ႕နယ္-ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း)
ကရင္ျပည္နယ္ႏွင့္ ဧရာ၀တီတိုင္းေဒသႀကီးတြင္ ကရင္နိုင္ငံေရးပါတီမ်ား၏ လူထုေထာက္ခံမႈ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး People Media က ဖဒိုမန္းၿငိမ္းေမာင္ႏွင့္ ဆက္သြယ္ေမးျမန္းခဲ့သည္။
People Media ။ ။ ကရင္လူထုက အခုေရြးေကာက္ပြဲမွာ ကရင္ပါတီေတြရဲ့ အေျခအေန ဘယ္လိုရွိလဲ။
ဖဒိုမန္းၿငိမ္းေမာင္။ ။ ကၽြန္ေတာ္တို႔ ကရင္ေတြက တေလၽွာက္လုံး ဖိႏွိပ္ခံဘဝေတြဆိုေတာ့၊ တေလၽွာက္လုံးက စိုးရိမ္ထိန႔္လန႔္ၿပီး အသက္ရွင္ေနရတဲ့ ဘ၀မ်ိဳး ေျပာလို႔ရတယ္၊ အဲ့မွာ အားကိုးရွာတာေပါ့၊ အားကိုးရွာေတာ့ ၂၀၁၅ မွာ ဧရာ၀တီတိုင္းက ကရင္ေတြက သူတို႔အားကိုးတစ္ႀကီးနဲ႔ ထမ္းတင္ေပးခဲ့တယ္၊ သူတို႔ ထမ္းတင္ေပးလိုက္ေတာ့ ဒီငါးႏွစ္အတြင္းမွာ ဘာေတြရလာလည္း ေမးေတာ့ ဘာမွ မရဘူးလို႔ သူတို႔ကေျပာတယ္၊ ကၽြန္ေတာ္က ေသေသခ်ာခ်ာစဥ္းစားၿပီး ျပန္ေျပာပါအုန္းေပါ့ ခင္ဗ်ားတို႔ရတာ တစ္ခုတစ္ေလ မရွိဘူးလားဆိုေတာ့ မရွိဘူးလို႔ ေျပာတာဘဲ၊ အဲ့ေတာ့ ကရင္အမ်ိဳးသားေတြက ဘယ္သူ႔ကိုမွ အားကိုးလို႔ မရဘူးဆိုတာ သိလာၾကၿပီေပါ့၊ အဲ့ေတာ့ ကိုယ့္ကရင္ပါတီကို ပိုၿပီးယုံၾကည္လာတာ သတိထားမိတယ္။
People Media ။ ။ ၂၀၁၅ တုန္းကရင္ပါတီေတြ ရလဒ္ဆိုးခဲ့ေတာ့ ၂၀၂၀မွာ ေရာ စိုးရိမ္ရွိေနလား။
ဖဒိုမန္းၿငိမ္းေမာင္ ။ ။ ကၽြန္ေတာ္ကေတာ့ မစိုးရိမ္ပါဘူး၊ ဘာျဖစ္လို႔လည္းဆိုေတာ့ ကၽြန္ေတာ္က အစဥ္အလာနဲ႔လာတာ အထူးသျဖင့္ ကၽြန္ေတာ္ကို သူတို႔ရဲ့ ကရင္အမ်ိဳးသားတစ္ေယာက္လည္းျဖစ္တယ္၊ ကရင္အမ်ိဳးသား လႈပ္ရွားမႈမွာလည္း ႏွစ္ေပါင္း ၅၀ေက်ာ္ ပါ၀င္ခဲ့တဲ့ ေခါင္းေဆာင္ တစ္ေယာက္ျဖစ္တယ္၊ သူတို႔စီ ျပန္လာတယ္၊ သူတို႔ေတြ ကၽြန္ေတာ္အေပၚမွာ ေမၽွာ္လင့္မႈ ရွိပါတယ္၊ ယုံၾကည္မႈလည္း ေပးပါတယ္၊ ကၽြန္ေတာ္က သူတို႔ ေျပာတယ္၊ ကၽြန္ေတာ္က ခင္ဗ်ားကို ဘာလုပ္ေပးမယ္ ညာလုပ္ေပးမယ္ဆိုၿပီး မဲမဆြယ္ဘူးလို႔ ယုံၾကည္မွ မဲေပးပါ၊ မယုံၾကည္ရင္ မဲမေပးနဲ႔လို႔ ဒါေပမဲ့ ကၽြန္ေတာ္လူထုအတြက္ ဘာလုပ္ေပးရဆိုတဲ့ တာ၀န္ကို သိတယ္၊ ဧရာ၀တီတိုင္းဆိုတာ ဗမာနဲ႔ကရင္ အတူတကြ ေနထိုင္လာၾကတာျဖစ္တဲ့ လူမ်ိဳးႏွစ္မ်ိဳးဆိုတဲ့အခါက်ေတာ့ ကရင္အမ်ိဳးသားႀကီးပဲ စည္း႐ုံးတာမဟုတ္ဘူး၊ ကၽြန္ေတာ္မွာ အစြန္းေရာက္တဲ့ အမ်ိဳးသားေရး စိတ္ဓာတ္မရွိဘူး၊ ဗမာေကာ ကရင္ေကာ ဘ၀အတူအေနနဲ႔ခံစားတယ္၊ ဒီေန႔ဆို ဗမာအမ်ိဳးသားေတြရဲ့ ေထာက္ခံမႈကိုလည္း အမ်ားႀကီးရပါတယ္။ ဘာလို႔လည္းဆိုေတာ့ ကၽြန္ေတာ္က ဆင္းရဲတဲ့ ေက်ာင္းသူေက်ာင္းသားေတြ လူမ်ိဳးမခြဲျခားဘဲ ဆရာႀကီးဆရာမႀကီးေတြက လူေရြးတယ္၊ ကၽြန္ေတာ္က အလႉေငြရွာေပးတယ္၊ ႏွစ္တိုင္း ေထာက္ပံ့တဲ့ တစ္၀က္ေက်ာ္ကလည္း ဗမာေက်ာင္းသားေတြပါတယ္၊ အဲ့ေတာ့ ကၽြန္ေတာ္ဘာလုပ္တယ္ဆိုတာ သူတို႔ သိတယ္၊ ေရြးေကာက္ပြဲမွာ နိုင္မယ္လို႔ ယုံၾကည္မႈ အျပည့္ရွိပါတယ္။ ကၽြန္ေတာ္ ေႂကြးေက်ာ္ထားတာ စိတ္ေခၚထားတာ တစ္ခုရွိတယ္၊ ပန္းတေနာ္ ေရြးေကာက္ပြဲမွာ ရိုးရိုးသားသားဆိုရင္ ဘယ္သူမွ မေၾကာက္ဘူးလို႔ ကၽြန္ေတာ္ေျပာထားတဲ့ စကားပဲ။
People Media ။ ။ ေရြးေကာက္ပြဲနိုင္လို႔လႊတ္ေတာ္ထဲေရာက္ရင္ ျပည္သူအတြက္ဘာေတြ ေဆာင္ရြက္ေပးဖို႔ရွိလဲ
ဖဒိုမန္းၿငိမ္းေမာင္ ။ ။ ကၽြန္ေတာ္တို႔နယ္မွာ လိုအပ္တာ အမ်ားႀကီးဘဲ၊ ပန္းတေနာ္တင္မဟုတ္ဘူး တစ္တိုင္းျပည္လုံးက အေျခခံျပည္သူေတြ အကုန္လုံး နစ္နာဆုံး႐ူံးမႈေတြက ေရတြက္လိုကို မကုန္ဘူး၊ ပထမဦးဆုံး လယ္သမားေတြ ဘ၀ဆို နစ္နာဆုံး႐ူံးမႈ အင္မတန္ႀကီးတယ္၊ လယ္သမားေတြရဲ႕ ထြက္လာတဲ့ သီးႏွံေတြကလည္း ေစ်းကြက္အာမခံခ်က္မရွိဘူး၊ အစိုးရကလည္း တာ၀န္မယူေပးနိုင္တဲ့ အခါက်ေတာ့ အေႂကြးတင္ၿပီး ကၽြန္ျဖစ္တာပဲ အဖတ္တင္တယ္၊ ကၽြန္ေတာ္ ရြာျပန္ၿပီး လယ္လုပ္တယ္၊ လယ္လုပ္ေတာ့ လယ္သမားဘ၀ကို အမ်ားႀကီး သိတယ္၊ တစ္ျခား လူမူေရး၊ ပညာေရး အကုန္လုံး လိုအပ္ေနတာပဲ၊ ဒါေတြက ကၽြန္ေတာ္ တစ္ေယာက္ထဲလုပ္လို႔ ရတာမဟုတ္ဘူး အစိုးရေကာင္း တစ္ရပ္၊ တကယ့္ျပည္သူကို အက်ိဳးျပဳတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ျပည္သူ႔ဒုကၡကို ေဝမၽွၿပီး ခံစားနိုင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မ်ားမ်ားလႊတ္ေတာ္ထဲ ေရာက္ဖို႔လိုတယ္၊ ဒါကၽြန္ေတာ္အျမင္ ကၽြန္ေတာ္ခံယူခ်က္ပဲ။
People Media ။ ။ ဒီေန႔ဆို ကရင္လူငယ္ေတြသိန္းနဲ႔ခ်ီၿပီးကရင္ပါတီေတြေထာက္ခံပြဲလုပ္ေနေတာ့ အခုေရြးေကာက္ပြဲမွာ ကရင္ပါတီေတြအခန္းက႑က ဘယ္လိုျဖစ္လာနိုင္လဲ
ဖဒိုမန္းၿငိမ္းေမာင္ ။ ။ ဒီေန႔က ကရင္အမ်ိဳးသားေတြက သူတို႔အသိနဲ႔ သူတို႔ လာၿပီး၀န္းရံတယ္ ေထာက္ခံၿပီး ဆႏၵျပတယ္၊ ကၽြန္ေတာ္တို႔ ကရင္ေတြ ဆႏၵျပတယ္ဆိုတာ ထူးျခားမႈရွိတယ္၊ သူမ်ားအခြင့္အေရးယူၿပီးေတာ့ သူမ်ားစိတ္အေႏွာက္အယွက္ ျဖစ္ေအာင္ သူတို႔လုံး၀မလုပ္ဘူး၊ စည္းကမ္းတက်နဲ႔ လွည့္လည္တယ္၊ ပန္းတေနာ္ဆိုတာ ကရင္အမ်ိဳးသား ၅၁ရာခိုင္ႏႈန္းရွိတယ္၊ ကရင္အမ်ိဳးသားေတြက ကၽြန္ေတာ္ကို အမ်ားဆုံး ၀န္းရံၾကတယ္၊ ဒါေပမဲ့ တစ္ခ်ိဳ႕ မိေထြးကို အေမထင္တဲ့ ကရင္ေတြက လြဲရင္ ကရင္တစ္မ်ိဳးသားလုံးက ကၽြန္ေတာ္ကို ေထာက္ခံၾကတယ္၊ သူတို႔က အေမနဲ႔ မိေထြးကို မခြဲတက္ေသးလို႔ေလ၊ ကၽြန္ေတာ္တို႔က သူတို႔ကို အခ်ိန္ေပးရမွာေပါ့။
People Media ။ ။ အခုတိုင္းရင္းသားေဒေတြမွာေရြးေကာက္ပြဲက်င္းပလို႔မရဘူးလို႔UECရဲ့ထုတ္ျပန္တဲ့အေပၚမွာေကာ ဘာေျပာခ်င္လဲ
ဖဒိုမန္းၿငိမ္းေမာင္ ။ ။ ကၽြန္ေတာ္တို႔ တိုင္းရင္းသားေဒသေတြကို ေရြးေကာက္ပြဲ က်င္းပဖို႔ မသင့္ဘူးဆိုတဲ့ ေနရာေတြက ဘာမွအဓိပၸါယ္ မရွိဘူး၊ ဘာလို႔ ပိတ္ပင္လည္းဆိုရင္ ဒီကေန႔ ကရင္ျပည္နယ္မွာ ကရင္ဒီမိုကရက္တစ္ပါတီက သိပ္အားေကာင္းလာတယ္၊ လူထုေထာက္ခံမႈက သိပ္ျမင့္မားတယ္၊ သူတို႔ ေသခ်ာေပါက္ ေရြးေကာက္ပြဲ နိုင္မယ္၊ ေသခ်ာေပါက္နိုင္မွာ ျဖစ္တဲ့အတြက္ ဒါအဓိပၸါယ္ မရွိတဲ့ လုပ္ရပ္ကို လုပ္တာလို႔ အတိအလင္း ေျပာခ်င္တယ္၊ ၿပီးေတာ့ သူတို႔ ေရြးေကာက္ပြဲ မက်င္းပဘူးဆိုတဲ့ ကရင္ေဒသေတြဟာ အေႏွာက္အယွက္ ေပးနိုင္တာဆိုရင္ ကရင္လက္နက္ကိုင္ အဖြဲ႕အစည္းေတြပဲ ရွိတယ္၊ ပထမဆုံး KNUေပါ့၊ KNUက ၿပီခဲ့တဲ့ ၁၅ရက္ေန႔ကပဲ ထုတ္ျပန္ခ်က္ ထုတ္တယ္၊ သူတို႔ထုတ္ျပန္ခ်က္မွာ ကရင္တစ္မ်ိဳးသားလုံးဟာ ကရင္ပါတီေတြကို ၀န္းရံမဲေပးေထာက္ခံၾကပါဆိုၿပီး တိုက္တြန္းတယ္၊ ဒါက KNUရဲ့ ၁၆ႀကိမ္ေျမာက္ ေရွ႕လုပ္ငန္းစဥ္ထဲမွာ ပါတဲ့ဟာကို သူအေကာင္အထည္ေဖာ္တာပဲ၊ အဲ့လုပ္ငန္းစဥ္မွာ ဘာေျပာထားလည္းဆိုရင္ KNUသည္ ကရင္နိုင္ငံေရးပါတီမ်ား၊ ကရင္လူထုအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရမည္ဆိုတဲ့ ေရွ႕လုပ္ငန္းစဥ္ ဆုံးျဖတ္ခ်က္ ရွိတယ္၊ အဲ့ေတာ့ ကရင္ပါတီကို မဲေပးၾကပါ ေထာက္ခံေပးၾကပါ သူတို႔က တိုက္တြန္းတယ္၊ အဲ့သေဘာထားကို ၾကည့္ရင္ KNUက ေရြးေကာက္ပြဲကို လုံး၀အေႏွာက္အယွက္ မေပးဘူး၊ ဒုတိယတစ္ခ်က္က ကရင္လက္နက္ကိုင္ အင္အားႀကီးတဲ့ BGF နယ္ျခားေစာင့္တပ္ေပါ့၊ နယ္ျခားေစာင့္တပ္ဆိုတာလည္း တပ္မေတာ္ရဲ့ ကြပ္ကဲမႈ ဦးေဆာင္မႈ ေအာက္မွာ ရွိတဲ့အတြက္ ဒီေရြးေကာက္ပြဲကို ေႏွာက္ယွက္ဖ်က္စီးတာ မလုပ္ဘူး၊ က်န္တဲ့ DKBAနဲ႔ KNU/KNLA PCဆိုတာလဲ KNUရဲ့ နိုင္ငံေရး ဦးေဆာင္မႈ ေအာက္မွာ တစ္စည္း တစ္လုံးထဲ လိုက္ေနတဲ့ အဖြဲ႕အစည္း ဆိုေတာ့ ကရင္ျပည္နယ္မွာရွိတဲ့ ကရင္လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ဒီေရြးေကာက္ပြဲကို ေႏွာက္ယွက္ဟန႔္တားတာ လုံး၀မလုပ္ဘူးဆိုတာ ကၽြန္ေတာ္ ရဲရဲေျပာရဲတယ္၊ ဒီဟာကို ေရြးေကာက္ပြဲ မသင့္ဘူးဆိုတာကေတာ့ အေၾကာင္းျပခ်က္ ပိတ္ပင္မႈက လုံး၀အဓိပၸါယ္မရွိဘူး၊ အေျခအျမစ္ မရွိဘူးဆိုတာ ေျပာခ်င္တယ္၊ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီက ဒီ၂၀၂၀မွာ ေအာင္ပြဲခံေတာ့မယ္၊ ကၽြန္ေတာ္တို႔ ကရင္ေတြနိုင္မယ္၊ ကခ်င္ေတြနိုင္မယ္၊ မြန္ေတြနိုင္မယ္၊ ရခိုင္ေတြနိုင္မယ္၊ ကၽြန္ေတာ္တို႔ တိုင္းရင္းသားေတြက နိုးၾကားလာၿပီ ဒါကို ဘယ္သူမွ ဟန႔္တားလို႔ မရပါဘူး၊ ၂၀၂၀မွာ ကရင္ျပည္နယ္ပါတီေတြ နိုင္မယ္၊ ဒါေပမဲ့ မတရားပိတ္ပင္ရင္ေတာ့ မေျပာတက္ဘူးေပါ့၊ တရားသျဖင့္ ေရြးေကာက္ပြဲ လုပ္ရင္ ကရင္ေတြ နိုင္ကို နိုင္မယ္၊ ဒါခ်စ္ျခင္း မုန္းျခင္း လုံး၀မပါဘူး၊ လက္ေတြ႕က်က် ေျပာတာပါ။
Photo – ကရင္ျပည္သူ႔ပါတီ(ပန္းတေနာ္)
Photo – ကရင္ျပည္သူ႔ပါတီ(ပန္းတေနာ္)
(unicode)
မိထွေးကိုအမေထင်တဲ့ ကရင်တွေကလွဲရင် ကရင်တစ်မျိုးသားလုံးက မိမိအား ထောက်ခံကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဖဒိုမန်းငြိမ်းမောင်ပြောဆို
…………………………………………………………..
“ကရင်အမျိုးသားတွေက ကျွန်တော်ကို အများဆုံး ဝန်းရံကြတယ်၊ ဒါပေမဲ့ တစ်ချို့ မိထွေးကို အမေထင်တဲ့ကရင်တွေက လွဲရင် ကရင်တစ်မျိုးသားလုံးက ကျွန်တော်ကို ထောက်ခံကြတယ်၊ သူတို့က အမေနဲ့ မိထွေးကို မခွဲတက်သေးလို့လေ” ဖဒိုမန်းငြိမ်း မောင်(ပန်းတနော်မြို့နယ်-ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)
“ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီး မဲမဆွယ်ဘူးလို့ ယုံကြည်မှ မဲပေးပါ၊ မယုံကြည်ရင် မဲမပေးနဲ့လို့ ဒါပေမဲ့ ကျွန်တော်လူ ထုအတွက် ဘာလုပ်ပေးရဆိုတဲ့ တာဝန်ကို သိတယ်” ဖဒိုမန်းငြိမ်းမောင် (ပန်းတနော်မြို့နယ်-ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း)
ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်နိုင်ငံရေးပါတီများ၏ လူထုထောက်ခံမှု အခြေအနေများနှင့်ပတ်သက်ပြီး People Media က ဖဒိုမန်းငြိမ်းမောင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။
People Media ။ ။ ကရင်လူထုက အခုရွေးကောက်ပွဲမှာ ကရင်ပါတီတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
ဖဒိုမန်းငြိမ်းမောင်။ ။ ကျွန်တော်တို့ ကရင်တွေက တလျှောက်လုံး ဖိနှိပ်ခံဘဝတွေဆိုတော့၊ တလျှောက်လုံးက စိုးရိမ်ထိန့်လန့်ပြီး အသက်ရှင်နေရတဲ့ ဘဝမျိုး ပြောလို့ရတယ်၊ အဲ့မှာ အားကိုးရှာတာပေါ့၊ အားကိုးရှာတော့ ၂၀၁၅ မှာ ဧရာဝတီတိုင်းက ကရင်တွေက သူတို့အားကိုးတစ်ကြီးနဲ့ ထမ်းတင်ပေးခဲ့တယ်၊ သူတို့ ထမ်းတင်ပေးလိုက်တော့ ဒီငါးနှစ်အတွင်းမှာ ဘာတွေရလာလည်း မေးတော့ ဘာမှ မရဘူးလို့ သူတို့ကပြောတယ်၊ ကျွန်တော်က သေသေချာချာစဉ်းစားပြီး ပြန်ပြောပါအုန်းပေါ့ ခင်ဗျားတို့ရတာ တစ်ခုတစ်လေ မရှိဘူးလားဆိုတော့ မရှိဘူးလို့ ပြောတာဘဲ၊ အဲ့တော့ ကရင်အမျိုးသားတွေက ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူးဆိုတာ သိလာကြပြီပေါ့၊ အဲ့တော့ ကိုယ့်ကရင်ပါတီကို ပိုပြီးယုံကြည်လာတာ သတိထားမိတယ်။
People Media ။ ။ ၂၀၁၅ တုန်းကရင်ပါတီတွေ ရလဒ်ဆိုးခဲ့တော့ ၂၀၂ဝမှာ ရော စိုးရိမ်ရှိနေလား။
ဖဒိုမန်းငြိမ်းမောင် ။ ။ ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က အစဉ်အလာနဲ့လာတာ အထူးသဖြင့် ကျွန်တော်ကို သူတို့ရဲ့ ကရင်အမျိုးသားတစ်ယောက်လည်းဖြစ်တယ်၊ ကရင်အမျိုးသား လှုပ်ရှားမှုမှာလည်း နှစ်ပေါင်း ၅ဝကျော် ပါဝင်ခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်၊ သူတို့စီ ပြန်လာတယ်၊ သူတို့တွေ ကျွန်တော်အပေါ်မှာ မျှော်လင့်မှု ရှိပါတယ်၊ ယုံကြည်မှုလည်း ပေးပါတယ်၊ ကျွန်တော်က သူတို့ ပြောတယ်၊ ကျွန်တော်က ခင်ဗျားကို ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုပြီး မဲမဆွယ်ဘူးလို့ ယုံကြည်မှ မဲပေးပါ၊ မယုံကြည်ရင် မဲမပေးနဲ့လို့ ဒါပေမဲ့ ကျွန်တော်လူထုအတွက် ဘာလုပ်ပေးရဆိုတဲ့ တာဝန်ကို သိတယ်၊ ဧရာဝတီတိုင်းဆိုတာ ဗမာနဲ့ကရင် အတူတကွ နေထိုင်လာကြတာဖြစ်တဲ့ လူမျိုးနှစ်မျိုးဆိုတဲ့အခါကျတော့ ကရင်အမျိုးသားကြီးပဲ စည်းရုံးတာမဟုတ်ဘူး၊ ကျွန်တော်မှာ အစွန်းရောက်တဲ့ အမျိုးသားရေး စိတ်ဓာတ်မရှိဘူး၊ ဗမာကော ကရင်ကော ဘဝအတူအနေနဲ့ခံစားတယ်၊ ဒီနေ့ဆို ဗမာအမျိုးသားတွေရဲ့ ထောက်ခံမှုကိုလည်း အများကြီးရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ဆင်းရဲတဲ့ ကျောင်းသူကျောင်းသားတွေ လူမျိုးမခွဲခြားဘဲ ဆရာကြီးဆရာမကြီးတွေက လူရွေးတယ်၊ ကျွန်တော်က အလှူငွေရှာပေးတယ်၊ နှစ်တိုင်း ထောက်ပံ့တဲ့ တစ်ဝက်ကျော်ကလည်း ဗမာကျောင်းသားတွေပါတယ်၊ အဲ့တော့ ကျွန်တော်ဘာလုပ်တယ်ဆိုတာ သူတို့ သိတယ်၊ ရွေးကောက်ပွဲမှာ နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော် ကြွေးကျော်ထားတာ စိတ်ခေါ်ထားတာ တစ်ခုရှိတယ်၊ ပန်းတနော် ရွေးကောက်ပွဲမှာ ရိုးရိုးသားသားဆိုရင် ဘယ်သူမှ မကြောက်ဘူးလို့ ကျွန်တော်ပြောထားတဲ့ စကားပဲ။
People Media ။ ။ ရွေးကောက်ပွဲနိုင်လို့လွှတ်တော်ထဲရောက်ရင် ပြည်သူအတွက်ဘာတွေ ဆောင်ရွက်ပေးဖို့ရှိလဲ
ဖဒိုမန်းငြိမ်းမောင် ။ ။ ကျွန်တော်တို့နယ်မှာ လိုအပ်တာ အများကြီးဘဲ၊ ပန်းတနော်တင်မဟုတ်ဘူး တစ်တိုင်းပြည်လုံးက အခြေခံပြည်သူတွေ အကုန်လုံး နစ်နာဆုံးရူံးမှုတွေက ရေတွက်လိုကို မကုန်ဘူး၊ ပထမဦးဆုံး လယ်သမားတွေ ဘဝဆို နစ်နာဆုံးရူံးမှု အင်မတန်ကြီးတယ်၊ လယ်သမားတွေရဲ့ ထွက်လာတဲ့ သီးနှံတွေကလည်း စျေးကွက်အာမခံချက်မရှိဘူး၊ အစိုးရကလည်း တာဝန်မယူပေးနိုင်တဲ့ အခါကျတော့ အကြွေးတင်ပြီး ကျွန်ဖြစ်တာပဲ အဖတ်တင်တယ်၊ ကျွန်တော် ရွာပြန်ပြီး လယ်လုပ်တယ်၊ လယ်လုပ်တော့ လယ်သမားဘဝကို အများကြီး သိတယ်၊ တစ်ခြား လူမူရေး၊ ပညာရေး အကုန်လုံး လိုအပ်နေတာပဲ၊ ဒါတွေက ကျွန်တော် တစ်ယောက်ထဲလုပ်လို့ ရတာမဟုတ်ဘူး အစိုးရကောင်း တစ်ရပ်၊ တကယ့်ပြည်သူကို အကျိုးပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့ဒုက္ခကို ဝေမျှပြီး ခံစားနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ များများလွှတ်တော်ထဲ ရောက်ဖို့လိုတယ်၊ ဒါကျွန်တော်အမြင် ကျွန်တော်ခံယူချက်ပဲ။
People Media ။ ။ ဒီနေ့ဆို ကရင်လူငယ်တွေသိန်းနဲ့ချီပြီးကရင်ပါတီတွေထောက်ခံပွဲလုပ်နေတော့ အခုရွေးကောက်ပွဲမှာ ကရင်ပါတီတွေအခန်းကဏ္ဍက ဘယ်လိုဖြစ်လာနိုင်လဲ
ဖဒိုမန်းငြိမ်းမောင် ။ ။ ဒီနေ့က ကရင်အမျိုးသားတွေက သူတို့အသိနဲ့ သူတို့ လာပြီးဝန်းရံတယ် ထောက်ခံပြီး ဆန္ဒပြတယ်၊ ကျွန်တော်တို့ ကရင်တွေ ဆန္ဒပြတယ်ဆိုတာ ထူးခြားမှုရှိတယ်၊ သူများအခွင့်အရေးယူပြီးတော့ သူများစိတ်အနှောက်အယှက် ဖြစ်အောင် သူတို့လုံးဝမလုပ်ဘူး၊ စည်းကမ်းတကျနဲ့ လှည့်လည်တယ်၊ ပန်းတနော်ဆိုတာ ကရင်အမျိုးသား ၅၁ရာခိုင်နှုန်းရှိတယ်၊ ကရင်အမျိုးသားတွေက ကျွန်တော်ကို အများဆုံး ဝန်းရံကြတယ်၊ ဒါပေမဲ့ တစ်ချို့ မိထွေးကို အမေထင်တဲ့ ကရင်တွေက လွဲရင် ကရင်တစ်မျိုးသားလုံးက ကျွန်တော်ကို ထောက်ခံကြတယ်၊ သူတို့က အမေနဲ့ မိထွေးကို မခွဲတက်သေးလို့လေ၊ ကျွန်တော်တို့က သူတို့ကို အချိန်ပေးရမှာပေါ့။
People Media ။ ။ အခုတိုင်းရင်းသားဒေတွေမှာရွေးကောက်ပွဲကျင်းပလို့မရဘူးလို့UECရဲ့ထုတ်ပြန်တဲ့အပေါ်မှာကော ဘာပြောချင်လဲ
ဖဒိုမန်းငြိမ်းမောင် ။ ။ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ မသင့်ဘူးဆိုတဲ့ နေရာတွေက ဘာမှအဓိပ္ပါယ် မရှိဘူး၊ ဘာလို့ ပိတ်ပင်လည်းဆိုရင် ဒီကနေ့ ကရင်ပြည်နယ်မှာ ကရင်ဒီမိုကရက်တစ်ပါတီက သိပ်အားကောင်းလာတယ်၊ လူထုထောက်ခံမှုက သိပ်မြင့်မားတယ်၊ သူတို့ သေချာပေါက် ရွေးကောက်ပွဲ နိုင်မယ်၊ သေချာပေါက်နိုင်မှာ ဖြစ်တဲ့အတွက် ဒါအဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ကို လုပ်တာလို့ အတိအလင်း ပြောချင်တယ်၊ ပြီးတော့ သူတို့ ရွေးကောက်ပွဲ မကျင်းပဘူးဆိုတဲ့ ကရင်ဒေသတွေဟာ အနှောက်အယှက် ပေးနိုင်တာဆိုရင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ရှိတယ်၊ ပထမဆုံး KNUပေါ့၊ KNUက ပြီခဲ့တဲ့ ၁၅ရက်နေ့ကပဲ ထုတ်ပြန်ချက် ထုတ်တယ်၊ သူတို့ထုတ်ပြန်ချက်မှာ ကရင်တစ်မျိုးသားလုံးဟာ ကရင်ပါတီတွေကို ဝန်းရံမဲပေးထောက်ခံကြပါဆိုပြီး တိုက်တွန်းတယ်၊ ဒါက KNUရဲ့ ၁၆ကြိမ်မြောက် ရှေ့လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ဟာကို သူအကောင်အထည်ဖော်တာပဲ၊ အဲ့လုပ်ငန်းစဉ်မှာ ဘာပြောထားလည်းဆိုရင် KNUသည် ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက် ရှိတယ်၊ အဲ့တော့ ကရင်ပါတီကို မဲပေးကြပါ ထောက်ခံပေးကြပါ သူတို့က တိုက်တွန်းတယ်၊ အဲ့သဘောထားကို ကြည့်ရင် KNUက ရွေးကောက်ပွဲကို လုံးဝအနှောက်အယှက် မပေးဘူး၊ ဒုတိယတစ်ချက်က ကရင်လက်နက်ကိုင် အင်အားကြီးတဲ့ BGF နယ်ခြားစောင့်တပ်ပေါ့၊ နယ်ခြားစောင့်တပ်ဆိုတာလည်း တပ်မတော်ရဲ့ ကွပ်ကဲမှု ဦးဆောင်မှု အောက်မှာ ရှိတဲ့အတွက် ဒီရွေးကောက်ပွဲကို နှောက်ယှက်ဖျက်စီးတာ မလုပ်ဘူး၊ ကျန်တဲ့ DKBAနဲ့ KNU/KNLA PCဆိုတာလဲ KNUရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာ တစ်စည်း တစ်လုံးထဲ လိုက်နေတဲ့ အဖွဲ့အစည်း ဆိုတော့ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒီရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားတာ လုံးဝမလုပ်ဘူးဆိုတာ ကျွန်တော် ရဲရဲပြောရဲတယ်၊ ဒီဟာကို ရွေးကောက်ပွဲ မသင့်ဘူးဆိုတာကတော့ အကြောင်းပြချက် ပိတ်ပင်မှုက လုံးဝအဓိပ္ပါယ်မရှိဘူး၊ အခြေအမြစ် မရှိဘူးဆိုတာ ပြောချင်တယ်၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက ဒီ၂၀၂ဝမှာ အောင်ပွဲခံတော့မယ်၊ ကျွန်တော်တို့ ကရင်တွေနိုင်မယ်၊ ကချင်တွေနိုင်မယ်၊ မွန်တွေနိုင်မယ်၊ ရခိုင်တွေနိုင်မယ်၊ ကျွန်တော်တို့ တိုင်းရင်းသားတွေက နိုးကြားလာပြီ ဒါကို ဘယ်သူမှ ဟန့်တားလို့ မရပါဘူး၊ ၂၀၂ဝမှာ ကရင်ပြည်နယ်ပါတီတွေ နိုင်မယ်၊ ဒါပေမဲ့ မတရားပိတ်ပင်ရင်တော့ မပြောတက်ဘူးပေါ့၊ တရားသဖြင့် ရွေးကောက်ပွဲ လုပ်ရင် ကရင်တွေ နိုင်ကို နိုင်မယ်၊ ဒါချစ်ခြင်း မုန်းခြင်း လုံးဝမပါဘူး၊ လက်တွေ့ကျကျ ပြောတာပါ။
Photo – ကရင်ပြည်သူ့ပါတီ(ပန်းတနော်)
Photo – ကရင်ပြည်သူ့ပါတီ(ပန်းတနော်)

Share this post