• Follow Us on

Home မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၌ သတ်ဖြတ်ခံရ၍ သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိ

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၌ သတ်ဖြတ်ခံရ၍ သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိ

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၃ (People Media)

 

ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေ ၁၃၊ ဗိုလ် တေဇလမ်းနှင့် စိန်ပန်းနီလမ်းကြား၌ သတ်ဖြတ်ခံရ၍ သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားနှစ်ဦး၏ အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့အချို့က People Media သို့ ပြောဆိုသည်။

 

“သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်းက အသက် ၃၀ ဝန်းကျင်အရွယ် အမည်မသိ အမျိုးသားတွေဖြစ် တယ်။ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်ပြီး အဲ့ဒီအနီးမှာ Follow me အမျိုးအစား CZI၊ ယာဉ် အမှတ် ၄၀ ယ / ၄၇၅….. ဆိုင်ကယ် ၁ စီးတွေ့ရတယ်။” လို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ “ရုပ်အလောင်းတွေက ပိုင်ရှင်မဲ့ဖြစ်နေပြီး အမည်၊ အသက် စတာတွေ စုံစမ်းနေဆဲဖြစ်တယ်။” လို့ ပြောဆိုသည်။

 

အလားတူ မုံရွာမြို့၌ ဇန်နဝါရီ ၁၁ ရက်နေ့၌ အထက်ပါ ရုပ်အလောင်းနှစ်လောင်း တွေ့ရှိခဲ့သည့် နေရာအနီး၊ ဗိုလ်တေဇလမ်းပေါ်ရှိ ကွမ်းယာဆိုင်၌ ထိုင်နေသည့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် သေနတ် ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

လက်ရှိအချိန်၌ မုံရွာမြို့ပေါ်ရှိ ပြည်သူအချို့ လုပ်ကြံခံနေရသော်လည်း သေနတ်သမားကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

 

Photo – ရုပ်အလောင်းတွေကို တွေ့ရပုံ

 

သွန်းသွန်း (PeopleMedia)

 

#PeopleMedia #မုံရွာမြို့

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 



Share this post