• Follow Us on

Home မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့၌ အမျိုးသားတစ်ဦးကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဓားဒဏ်ရာများဖြင့် အသတ်ခံရ

မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့၌ အမျိုးသားတစ်ဦးကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဓားဒဏ်ရာများဖြင့် အသတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့ပတ်လမ်းအရှေ့၊ ကိုင်းတောကျေးရွာအနီး သရက်ပင်အောက်တွင် အမျိုး သားတစ်ဦးကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဓားဒဏ်ရာများဖြင့် အသတ်ခံရကြောင်း မုံရွာမြို့ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့မှ သန်းထိုက်အောင်က People Media သို့ အတည်ပြုပြောကြားသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်၊ နံနက်ခင်းအချိန်တွင် မုံရွာမြို့ မြို့ပတ်လမ်းအရှေ့ ကိုင်းတောကျေးရွာအနီး တွင် အမည်မသိအမျိုးသားတစ်ယောက် အသတ်ခံရကြောင်းကို ပြည်သူများမှဆက်သွယ်သောကြောင့် မုံရွာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

“ထင်ရှားတဲ့ဒဏ်ရာတွေကတော့ ညာဘက်လက်မှာပြတ်ခါနီးဆဲဆဲ ဒဏ်ရာရယ်၊ လည်ပင်းဒဏ်ရာရယ်၊ ပြီး တော့ ဂုတ်မှာ တစ်ချက်နဲ့ သူ့ကိုလက်နောက်ပြန်ကြိုးတုတ်ပြီးတော့ အသတ်ခံရတယ်” လို့ ၎င်းကပြောသည်။

 

အဆိုပါသေဆုံးသည့် Dead Body ကို မုံရွာမြို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကွပ်ကဲရေးလူနာတင်ယာ ဉ်ဖြင့် မုံရွာမြို့ ပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်းသိရသည်။

 

#PeopleMedia #မုံရွာမြို့

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post