• Follow Us on

Home ရေစကြိုမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်များ လမ်းခရီး၍ ပစ်ခတ်ခံရမည်စိုးရိမ်၍ အသိပေးသွားလာ နေရ

ရေစကြိုမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်များ လမ်းခရီး၍ ပစ်ခတ်ခံရမည်စိုးရိမ်၍ အသိပေးသွားလာ နေရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရာ၌ အသိပေးသွားလာနေရကြောင်း မြို့ခံလူမှုကူညီရေးအသင်းအချို့က ပြောပါတယ်။

 

“လူမှုကူညီရေးလုပ်ငန်းလုပ်တဲ့အခါ ကြားမညပ်ဖို့ ဂရုစိုက်နေရတယ်။ ကျွန်တော်တို့က ပါတီနိုင်ငံရေးလုပ်နေကြ တာမဟုတ်သလို နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဒါကို ခွဲခြားပြီး မြင်စေချင်ပါတယ်” မြို့ခံ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက People Media ကို ပြောပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြို PDF အဖွဲ့က အများပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စများနှင့် နာရေးကိစ္စ များ သွားလာရန်လိုအပ်ပါက ဆေးရုံကားများ၊ လူနာတင်ကားများနှင့် နာရေးကားများကို တတ်နိုင်သမျှ အသုံး မပြုကြရန်နှင့် အိမ်စီးကားများအား မှန်ချမောင်းနှင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ရေးသားထုတ်ပြန်မှု ပြုလုပ်ထားပါတယ်။

 

အလားတူ ရေစကြိုမြို့နယ်ရှိ ကြက်ခြေနီတပ်ဖွဲ့မှလည်း ယနေ့နံနက်ပိုင်းတွင် နာရေးတစ်ခုအားကူညီရန် အတွက် နာရေးကားများသွားလာမည်ဖြစ်ကြောင်း အများပြည်သူသို့အသိပေးကြေညာချက်တစ်ခုကို ၎င်းတို့၏ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

 

Photo – ရေစကြိုမြို့၌ လူမှုကူညီရေး ဆောင်ရွက်ပေးနေသည့် ကြက်ခြေနီယာဉ်

 

#PeopleMedia #ရေစကြို #လူမှုကယ်ဆယ်ရေး

 

(unicode)

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 



Share this post