• Follow Us on

Home မုံရွာမြို့၌ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေ ဆုံး၊ ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိ

မုံရွာမြို့၌ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေ ဆုံး၊ ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၁၀ (People Media)

 

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တမာတန်းနှင့် ကန်သာယာကြား၌ ဗုံးထောင်ရန် လာသူ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် ပေါက်ကွဲမှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က People Media ကို ပြောပါတယ်။

 

“ဗုံးထောင်ဖို့ လာတာ။ ဗုံးက ဆိုင်ကယ်ပေါ်မှာတင် ကွဲသွားတာ။ တစ်ဦး သေဆုံးသွားတယ်။ တစ်ဦးက ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခြင်း ခံလိုက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးသည် မုံရွာမြို့ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။

 

မုံရွာမြို့သည် မကြာခဏ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်သည့် တိုင်းအစိုးရရုံးစိုက်ရာမြို့နယ်တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းသည် PDF များ အားကောင်းဆဲဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။

 

#PeopleMedia #မုံရွာမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post