• Follow Us on
Home မုံရွာမြို့ ရပ်ကွက်တစ်ခုရှိ ရေမြောင်းထဲအတွင်း၌ မိချောင်းတွေ့ရှိ
Share this post
မုံရွာ၊စက်တင်ဘာ – ၁၁
သတင်း – သူရိယထက်(MPI)
(unicode)
မုံရွာမြို့ ရပ်ကွက်တစ်ခုရှိ ရေမြောင်းထဲအတွင်း၌ မိချောင်းတွေ့ရှိ
…………………………………
မုံရွာ၊စက်တင်ဘာ – ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ ၊ကန်သာဦးရပ်ကွက်၊ရတနာလမ်း ရေမြောင်းတစ်ခုအတွင်း ယနေ့ နံနက်ပိုင်းက မိချောင်းတွေ့ရှိကြောင်း ဒေသခံများကပြောသည်။
ကန်သာဦးရပ်ကွက် ရတနာလမ်း ရေမြောင်းတစ်ခုအတွင်း မိချောင်းတွေ့ရှိဟူ၍ ဒေသခံပြည်သူအများအပြား လာရောက်ကြည့်ရှု့နေခြင်းဖြစ်သည်။
“ဒီနေ့ နံနက် ၁၀နာရီအကျော်လောက်က မိချောင်းတွေ့တာပါ။ခန္ဓာကိုယ်မမြင်ရဘူး။ခေါင်းမြင်လိုက်ရတာ။ ၃ကောင်ပေါတာ။တစ်ကောင်က ကြီးတယ်။နှစ်ကောင်က သေးတယ်ဗျ”ဟုမျက်မြင်တွေ့ရှိသူကိုရှိုင်း ကပြောသည်။
ယခုလက်ရှိ မိချောင်းတွေ့ရှိနေရာတွင် မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
သတင်း – သူရိယထက်(MPI)
#PeopleMedia #MPI #မုံရွာ
Share this post