• Follow Us on

Home မူဆယ္ၿမိဳ႕၌ M-22 ေသနတ္ ႏွစ္လက္ထပ္မံ သိမ္းဆည္းရမိ

မူဆယ္ၿမိဳ႕၌ M-22 ေသနတ္ ႏွစ္လက္ထပ္မံ သိမ္းဆည္းရမိ

Share this post

ရန္ကုန္၊ ဇန္နဝါရီ-၂၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိေသာ တပ္ဖြဲ႕ ၀င္ မ်ားသည္ ဇန္နဝါရီ ၂၁ ရက္ နံနက္ ၉ နာရီခြဲခန့္တြင္ မူဆယ္ၿမိဳ႕၊ ေတာ္႐ြက္ရပ္ကြက္ အမွိုက္ပုံအနီး၌ ဆာလာ အိတ္ျဖင့္ထုပ္ထားသည့္အမ္၂၂ ေသနတ္ ႏွစ္လက္ႏွင့္ ၎င္းက်ည္ အိမ္ႏွစ္ခုတို႔အားထပ္မံသိမ္းဆည္းရမိခဲ့ပါတယ္။

အလားတူ ဇန္နဝါရီ (၂၁)ရက္ေန႕ကလည္း အဆိုပါ ေနရာအနီး၌ ပါရိအမ်ိဳးအစား ေသနတ္ (၁၀)လက္၊ က်ည္အိမ္ ကိုးခု၊ လြယ္ႀကိဳး ကိုးေခ်ာင္းနဲ႕ အမ္ ၂၂ ေသနတ္(၁)လက္ျဖစ္ၿပီး ဆက္စပ္ပစၥည္းေတြကို သိမ္းဆည္းနိုင္ခဲ့ပါတယ္။

ရွမ္းေျမာက္ေဒသသည္ တိုင္းရင္းသားလက္နက္ကိုင္မ်ားစြာ ေျခခ် လႈပ္ရွားမႈေနေျမျဖစ္ၿပီး မၾကာခဏ တပ္မေတာ္မွ တ႐ုတ္နိုင္ငံထုတ္ တန္ဖိုးျမင့္ လက္နတ္မ်ားကို သိမ္း ဆည္းရမိခဲ့ပါတယ္။

#PeopleMedia #M-22

[Unicode]
မူဆယ်မြို့၌ M-22 သေနတ် နှစ်လက်ထပ်မံ သိမ်းဆည်းရမိ
…………………………………………………………….

ရန်ကုန်၊ ဇန်နဝါရီ-၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင် များသည် ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက် အမှိုက်ပုံအနီး၌ ဆာလာ အိတ်ဖြင့်ထုပ်ထားသည့်အမ်၂၂ သေနတ် နှစ်လက်နှင့် ၎င်းင်းကျည် အိမ်နှစ်ခုတို့အားထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ (၂၁)ရက်နေ့ကလည်း အဆိုပါ နေရာအနီး၌ ပါရိအမျိုးအစား သေနတ် (၁၀)လက်၊ ကျည်အိမ် ကိုးခု၊ လွယ်ကြိုး ကိုးချောင်းနဲ့ အမ် ၂၂ သေနတ်(၁)လက်ဖြစ်ပြီး ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ရှမ်းမြောက်ဒေသသည် တိုင်းရင်းသားလက်နက်ကိုင်များစွာ ခြေချ လှုပ်ရှားမှုနေမြေဖြစ်ပြီး မကြာခဏ တပ်မတော်မှ တရုတ်နိုင်ငံထုတ် တန်ဖိုးမြင့် လက်နတ်များကို သိမ်း ဆည်းရမိခဲ့ပါတယ်။

#PeopleMedia #M-22


Share this post