• Follow Us on

Home မေကြးတိုင္းေဒသႀကီးအတြင္းရွိ စာသင္ေက်ာင္းမ်ား၌ ကြန္ပ်ဴတာ ၁၅၀ ခန္႔ မွားယြင္းစြာခြဲတမ္းခ်ေပးထားမႈ အေပၚ ျပန္လည္အပ္ႏွံရန္ တိုင္းလႊတ္ေတာ္ဥကၠ႒ ၫႊန္ၾကား

မေကြးတိုင္းေဒသႀကီးအတြင္းရွိ စာသင္ေက်ာင္းမ်ား၌ ကြန္ပ်ဴတာ ၁၅၀ ခန္႔ မွားယြင္းစြာခြဲတမ္းခ်ေပးထားမႈ အေပၚ ျပန္လည္အပ္ႏွံရန္ တိုင္းလႊတ္ေတာ္ဥကၠ႒ ၫႊန္ၾကား

Share this post

ရန္ကုန္၊ ဇြန္ ၆

မေကြးတိုင္းေဒသႀကီးအတြင္း၊ ၿမိဳ႕နယ္အသီးသီးရွိ စာသင္ေက်ာင္းမ်ား၌ ကြန္ပ်ဴတာ ၁၅၀ ခန္႔ မွားယြင္းစြာ ခ် ထားမႈအေပၚ ျပန္လည္အပ္ႏွံရန္ တိုင္းလႊတ္ေတာ္ဥကၠ႒ဦးတာမွ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ားထံ ၫႊန္ၾကား ထားသည္။

မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ ကြန္ပ်ဴတာအလုံး ၆၀၊ စလင္းၿမိဳ႕နယ္တြင္ ကြန္ပ်ဴတာအလုံး ၇၀ မွားယြင္းစြာခ်ထားခဲ့ၿပီး ၎ ခ်ထားသည့္ေနရာမ်ားတြင္ လွ်ပ္စစ္မီးမရရွိသည့္အတြက္ သင္ၾကားမႈမရရွိျခင္း၊ သင္ၾကားမည့္ဆရာ၊ ဆရာမမရွိျခင္း၊ ကြန္ပ်ဴတာခန္းမ်ားမရွိေၾကာင့္ ၎ကြန္ပ်ဴတာမ်ားကို ျပန္လည္အပ္ႏွံမည္ ဟု တိုင္းလႊတ္ေတာ္ဥကၠဌဦးတာမွ ေျပာသည္။

“ေက်ာင္းေတြမွာ ကြန္ပ်ဴတာေတြထားတယ္ ၿပီးရင္ကေလးေတြကလည္း ေအာင္ျမင္မႈမရွိဘူး။ ႏွစ္ေတြၾကာၿပီး ကြန္ပ်ဴတာေတြက ေမာ္ဒယ္ေတာင္ေအာက္သြားတယ္ ကေလးေတြမွာလည္း ဘာမွသင္ရတာမရွိဘူး။ ဖုန္ေတြ တက္သြားတာပဲရွိတယ္။ အဲ့လိုေတြမျဖစ္ရေအာင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို စာရင္းေတြေကာက္မယ္ ၿပီးရင္ အစိုးရအဖြဲ႕ကိုတင္ျပမယ္” ဦးတာ(မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒) က ေျပာသည္။

စာသင္ေက်ာင္းမ်ားမွ ကြန္ပ်ဴတာမ်ားကိုေတာင္းဆိုပါက အေျခခံပညာေရးငွာနမ်ားမွ ေသခ်ာစြာစစ္ေဆးၿပီး လွ်ပ္စစ္မီး၊ ကြန္ပ်ဴတာအခန္း၊ သင္ၾကားေပးမႈဆရာ၊ ဆရာမမ်ားရွိမွသာ ခ်ေပးသင့္ေၾကာင္း၎ကေျပာသည္။

ထို႔အျပင္ မေကြးတိုင္းေဒသႀကီးအတြင္း ေက်ာင္းမ်ားတြင္ တစ္ေက်ာင္းလွ်င္ ကြန္ပ်ဴတာ ၁၀ လုံး လြဲမွားစြာ ခ်ထားေပးခဲ့ေသာ ေက်ာင္းမ်ားစာရင္းကို ဇြန္လ ၁၂ ရက္တြင္ ေနာက္မက်ေစဘဲ အျမန္ဆုံး လုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္ဥကၠ႒ဦးတာကေျပာသည္။

#PeopleMedia

(unicode)
မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများ၌ ကွန်ပျူတာ ၁၅၀ ခန့် မှားယွင်းစွာခွဲတမ်းချပေးထားမှု အပေါ် ပြန်လည်အပ်နှံရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြား
…………………………………………………………

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်းဒေသကြီးအတွင်း၊ မြို့နယ်အသီးသီးရှိ စာသင်ကျောင်းများ၌ ကွန်ပျူတာ ၁၅၀ ခန့် မှားယွင်းစွာ ချ ထားမှုအပေါ် ပြန်လည်အပ်နှံရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးတာမှ လွှတ် တော်ကိုယ်စားလှယ်များထံ ညွှန်ကြား ထားသည်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကွန်ပျူတာအလုံး ၆၀၊ စလင်းမြို့နယ်တွင် ကွန်ပျူတာအလုံး ၇၀ မှားယွင်းစွာချထားခဲ့ပြီး ၎င်း ချထားသည့်နေရာများတွင် လှျှပ်စစ်မီးမရရှိသည့်အတွက် သင်ကြားမှုမရရှိခြင်း၊ သင်ကြားမည့်ဆရာ၊ ဆရာမမရှိခြင်း၊ ကွန်ပျူတာခန်းများမရှိကြောင့် ၎င်းကွန်ပျူတာများကို ပြန်လည်အပ်နှံမည် ဟု တိုင်းလွှတ်တော်ဥက္ကဌဦးတာမှ ပြောသည်။

“ကျောင်းတွေမှာ ကွန်ပျူတာတွေထားတယ် ပြီးရင်ကလေးတွေကလည်း အောင်မြင်မှုမရှိဘူး။ နှစ်တွေကြာပြီး ကွန်ပျူတာတွေက မော်ဒယ်တောင်အောက်သွားတယ် ကလေးတွေမှာလည်း ဘာမှသင်ရတာမရှိဘူး။ ဖုန်တွေ တက်သွားတာပဲရှိတယ်။ အဲ့လိုတွေမဖြစ်ရအောင် လွှတ်တော်ကိုယ်စားလှယ်တွေကို စာရင်းတွေကောက်မယ် ပြီးရင် အစိုးရအဖွဲ့ကိုတင်ပြမယ်” ဦးတာ(မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ) က ပြောသည်။

စာသင်ကျောင်းများမှ ကွန်ပျူတာများကိုတောင်းဆိုပါက အခြေခံပညာရေးငှာနများမှ သေချာစွာစစ်ဆေးပြီး လျှပ်စစ်မီး၊ ကွန်ပျူတာအခန်း၊ သင်ကြားပေးမှုဆရာ၊ ဆရာမများရှိမှသာ ချပေးသင့်ကြောင်း၎င်းကပြောသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးအတွင်း ကျောင်းများတွင် တစ်ကျောင်းလျှင် ကွန်ပျူတာ ၁၀ လုံး လွဲမှားစွာ ချထားပေးခဲ့သော ကျောင်းများစာရင်းကို ဇွန်လ ၁၂ ရက်တွင် နောက်မကျစေဘဲ အမြန်ဆုံး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးတာကပြောသည်။

#PeopleMedia


Share this post