• Follow Us on

Home မေကြးတိုင္း ျပည္ခိုင္ၿဖိဳးပါတီက ၿမိဳ႕နယ္(၂၀)ေက်ာ္ ကန႔္ကြက္လႊာ တင္သြင္းမည္

မေကြးတိုင္း ျပည္ခိုင္ၿဖိဳးပါတီက ၿမိဳ႕နယ္(၂၀)ေက်ာ္ ကန႔္ကြက္လႊာ တင္သြင္းမည္

Share this post

ရန္ကုန္၊ နို၀င္ဘာ ၁၂

သက္ေနာင္(မင္းလွ)

မေကြးတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး ၿမိဳ႕နယ္ေပါင္း (၂၀) ေက်ာ္တြင္ ကန႔္ကြက္လႊာတင္သြင္းသြားမည္ျဖစ္ေၾကာင္း မေကြးတိုင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ကိုေအာင္နိုင္လင္းက နိုဝင္ဘာလ ၁၂ ရက္ တြင္ေျပာသည္။

“ဥပေဒနဲ႔မညီတာ တရားမဲ့ျပဳက်င့္ၾကတာေတြကို ကန႔္ကြက္သြားမွာပါ၊ မေကြးတိုင္းအတြင္း ပုံစံ(၁၉)ကို လက္မွတ္မထိုးရေသးတာ ကေတာ့ၿမိဳ႕နယ္အကုန္လုံးနီးပါးပါပဲ။ က်န္ကန႔္ကြက္လႊာတင္မယ့္ၿမိဳ႕နယ္ေတြအတြက္အင္အားျဖစ္ေစလိုတဲ့ဆႏၵနဲ႔ လက္မွတ္မ ထိုးျဖစ္ၾကတာပါ”ဟု ၎မွဆိုသည္။

ဆက္လက္ၿပီး “ကန႔္ကြက္မႈအေနနဲ႔က တစ္ၿမိဳ႕နယ္ကို အနည္းဆုံး ႏွစ္ခုမွသည္ အမ်ားဆုံး ၃၀ ေလာက္ထိ ရွိၾကပါတယ္။ အခုရက္ပိုင္းေတြအတြင္းအၿပီးတင္နိုင္ေအာင္ ေဆာင္ရြက္ေနပါတယ္။ ကန႔္ကြက္တယ္ဆိုတာလည္း ကိုယ္စားလွယ္ ေလာင္းေတြရဲ့ အခြင့္အေရးမို႔ပါ။ ဥပေဒနဲ႔အညီ ကန႔္ကြက္သြားမွာပါ နိုင္ျခင္း၊ ရႈံးျခင္းကေတာ့ ျပည္သူ႔ေရြးခ်ယ္မႈပါ” ဟု ေျပာသည္။

အလားတူ ၂၀၂၀ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမၽွတမႈမရွိျခင္းေၾကာင့္ ေရြးေကာက္ပြဲကို အသိအမွတ္မျပဳနိုင္ေၾကာင္း ရန္ကုန္တိုင္း ျပည္ခိုင္ၿဖိဳးပါတီကလည္း ေျပာဆိုထားသည္။

၂၀၁၅၊ ၂၀၂၀ေရြးေကာက္ပြဲ၌ ျပည္ခိုင္ၿဖိဳးပါတီသည္ မေကြးတိုင္းေဒသႀကီး၌ လုံးဝ အနိုင္ရရွိမႈမရွိပါ။

#PeopleMedia #USDP

(unicode
မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီက မြို့နယ်(၂၀)ကျော် ကန့်ကွက်လွှာ တင်သွင်းမည်
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၂

သက်နောင်(မင်းလှ)

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မြို့နယ်ပေါင်း (၂၀) ကျော်တွင် ကန့်ကွက်လွှာတင်သွင်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နိုင်လင်းက နိုဝင်ဘာလ ၁၂ ရက် တွင်ပြောသည်။

“ဥပဒေနဲ့မညီတာ တရားမဲ့ပြုကျင့်ကြတာတွေကို ကန့်ကွက်သွားမှာပါ၊ မကွေးတိုင်းအတွင်း ပုံစံ(၁၉)ကို လက်မှတ်မထိုးရသေးတာ ကတော့မြို့နယ်အကုန်လုံးနီးပါးပါပဲ။ ကျန်ကန့်ကွက်လွှာတင်မယ့်မြို့နယ်တွေအတွက်အင်အားဖြစ်စေလိုတဲ့ဆန္ဒနဲ့ လက်မှတ်မ ထိုးဖြစ်ကြတာပါ”ဟု ၎င်းမှဆိုသည်။

ဆက်လက်ပြီး “ကန့်ကွက်မှုအနေနဲ့က တစ်မြို့နယ်ကို အနည်းဆုံး နှစ်ခုမှသည် အများဆုံး ၃၀ လောက်ထိ ရှိကြပါတယ်။ အခုရက်ပိုင်းတွေအတွင်းအပြီးတင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ကန့်ကွက်တယ်ဆိုတာလည်း ကိုယ်စားလှယ် လောင်းတွေရဲ့ အခွင့်အရေးမို့ပါ။ ဥပဒေနဲ့အညီ ကန့်ကွက်သွားမှာပါ နိုင်ခြင်း၊ ရှုံးခြင်းကတော့ ပြည်သူ့ရွေးချယ်မှုပါ” ဟု ပြောသည်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိခြင်းကြောင့် ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီကလည်း ပြောဆိုထားသည်။

၂၀၁၅၊ ၂၀၂ဝရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီသည် မကွေးတိုင်းဒေသကြီး၌ လုံးဝ အနိုင်ရရှိမှုမရှိပါ။

#PeopleMedia #USDP


Share this post