• Follow Us on

Home မေလးရွား၌ အသြားအလာကန႔္သတ္ျခင္းကို ေနာက္ထပ္သက္တမ္း တစ္လတိုးမည္

မေလးရွား၌ အသြားအလာကန႔္သတ္ျခင္းကို ေနာက္ထပ္သက္တမ္း တစ္လတိုးမည္

Share this post

၂၀၂၀၊ ေမ ၁၀

မေလးရွားနိုင္ငံ၏ လွုပ္ရွားမွုထိန္းခ်ဳပ္ေရးအမိန္႔ (MCO) ကို ဇြန္လ ၉ ရက္အထိ ေနာက္ထပ္တစ္လ သက္ တမ္းတိုးမည္ျဖစ္သည္။

ယခုလ ၁၂ ရက္တြင္ တတိယအႀကိမ္ေျမက္ကန႔္သတ္ခ်က္ျပည့္ျခင္းျဖစ္ၿပီး ယခုသက္တမ္းတိုးျခင္းသည္ စတုတၳအႀကိမ္ ျဖစ္လာမည္ဟု ဝန္ႀကီးခ်ဳပ္ မူယက္ဒင္ယာဆင္က ေျပာၾကားသည္။

မေလးရွားနိုင္ငံက ကိုဗစ္-၁၉ ေရာဂါတိုက္ဖ်က္ေရးတြင္ အျပဳသေဘာေဆာင္ေသာ တိုးတက္မွုမ်ား ရရွိ ခဲ့ေသာ္လည္း ႀကိဳးပမ္းမွုမ်ား အျပည့္အဝ မေအာင္ျမင္ခဲ့ေၾကာင္း ယေန႔ အထူးမိန္႔ခြန္းတစ္ခုအတြင္း ဝန္ႀကီးခ်ဳပ္ မူယက္ဒင္ယာဆင္က ေျပာၾကားသည္။

လွုပ္ရွားမွုထိန္းခ်ဳပ္ေရးအမိန္႔ (MCO) မွာ ေမလ ၁၂ ရက္တြင္ သက္တမ္းကုန္မည္ျဖစ္သည္။

“ကိုဗစ္-၁၉ ကပ္ေရာဂါ တိုက္ဖ်က္တာမွာ လိုအပ္တဲ့လုပ္ငန္းေတြ အစိုးရက ဆက္လက္ေဆာင္ရြက္တာ ျပည္သူေတြ အလိုရွိ တယ္လို့ ျပည္သူေတြရဲ့အျမင္ကို အေျခခံၿပီး ကၽြန္ေတာ္ သေဘာေပါက္ခဲ့ပါတယ္” ဟု ၄င္းက ေျပာသည္။

က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အမ်ိဳးသားလုံျခဳံေရးေကာင္စီ၏ အႀကံျပဳခ်က္အရ လွုပ္ရွားမွုထိန္းခ်ဳပ္ေရးအ မိန္႔ (MCO) ကို ဇြန္လ ၉ ရက္အထိ သက္တမ္းတိုးေၾကာင္း ကၽြန္ေတာ္ ေၾကညာခ်င္ပါတယ္” ဟု ယာဆင္က ဆို သည္။

အဆိုပါအမိန္႔အရ မရွိမျဖစ္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စာသင္ေက်ာင္းမ်ားကို ပိတ္ထားခဲ့ၿပီး ျပည္တြင္း၊ ျပည္ပ ခရီးသြားလာမွုကို တားျမစ္ထားသည္။ ထိုကန္႔သတ္ခ်က္မ်ားေၾကာင့္ မေလးရွားနိုင္ငံတြင္ ဧၿပီလလယ္မွစ ၍ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မွုသစ္ အေရအတြက္ ေလ်ာ့နည္းလာခဲ့သည္။

ယမန္ေန႔အထိ မေလးရွားနိုင္ငံ၌ ကိုဗစ္-၁၉ ကူးစက္မွု ၆၅၈၉ မွုႏွင့္ ေသဆုံးသူ ၁၀၈ ဉီးရွိကာ လူနာမ်ား ၏ ၇၅ ရာခိုင္ႏွုန္းမွာ ျပန္လည္သက္သာလာခဲ့သည္။

စီးပြားေရး အက်ိဳးသက္ေရာက္မွု ေလ်ာ့နည္းေစရန္ မေလးရွားအစိုးရက အေမရိကန္ေဒၚလာ ၆၀ ဘီလီယံ တန္ေၾကးရွိ စီးပြားေရးကယ္ဆယ္မွုအစီအစဥ္သုံးခု ေဆာင္ရြက္ခဲ့သည္။ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ စုစုေပါင္း ဆုံးရွုံး နစ္နာမွုမွာ ခန္႔မွန္းေခ် ရင္းဂစ္ ၆၃ ဘီလီယံခန္႔ ရွိခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ မူယက္ဒင္ယာဆင္က အလုပ္သမားေန႔ မိန္႔ခြန္းအတြင္း ေျပာၾကားခဲ့သည္။

ကိုးကား။ ။စီအင္န္ေအ

Ref; Malaysia’s movement control order to be extended further until Jun 9, says PM Muhyiddin

#PeopleMedia

မလေးရှား၌ အသွားအလာကန့်သတ်ခြင်းကို နောက်ထပ်သက်တမ်း တစ်လတိုးမည်
…………………………………………………………………………….

၂၀၂၀၊ မေ ၁၀

မလေးရှားနိုင်ငံ၏ လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) ကို ဇွန်လ ၉ ရက်အထိ နောက်ထပ်တစ်လ သက် တမ်းတိုးမည်ဖြစ်သည်။

ယခုလ ၁၂ ရက်တွင် တတိယအကြိမ်မြေက်ကန့်သတ်ချက်ပြည့်ခြင်းဖြစ်ပြီး ယခုသက်တမ်းတိုးခြင်းသည် စတုတ္ထအကြိမ် ဖြစ်လာမည်ဟု ဝန်ကြီးချုပ် မူယက်ဒင်ယာဆင်က ပြောကြားသည်။

မလေးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိ ခဲ့သော်လည်း ကြိုးပမ်းမှုများ အပြည့်အဝ မအောင်မြင်ခဲ့ကြောင်း ယနေ့ အထူးမိန့်ခွန်းတစ်ခုအတွင်း ဝန်ကြီးချုပ် မူယက်ဒင်ယာဆင်က ပြောကြားသည်။

လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) မှာ မေလ ၁၂ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။

“ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်တာမှာ လိုအပ်တဲ့လုပ်ငန်းတွေ အစိုးရက ဆက်လက်ဆောင်ရွက်တာ ပြည်သူတွေ အလိုရှိ တယ်လို့ ပြည်သူတွေရဲ့အမြင်ကို အခြေခံပြီး ကျွန်တော် သဘောပေါက်ခဲ့ပါတယ်” ဟု ၄င်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေးကောင်စီ၏ အကြံပြုချက်အရ လှုပ်ရှားမှုထိန်းချုပ်ရေးအ မိန့် (MCO) ကို ဇွန်လ ၉ ရက်အထိ သက်တမ်းတိုးကြောင်း ကျွန်တော် ကြေညာချင်ပါတယ်” ဟု ယာဆင်က ဆို သည်။

အဆိုပါအမိန့်အရ မရှိမဖြစ် စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုကို တားမြစ်ထားသည်။ ထိုကန့်သတ်ချက်များကြောင့် မလေးရှားနိုင်ငံတွင် ဧပြီလလယ်မှစ ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် အရေအတွက် လျော့နည်းလာခဲ့သည်။

ယမန်နေ့အထိ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ၆၅၈၉ မှုနှင့် သေဆုံးသူ ၁၀၈ ဉီးရှိကာ လူနာများ ၏ ရ၅ ရာခိုင်နှုန်းမှာ ပြန်လည်သက်သာလာခဲ့သည်။

စီးပွားရေး အကျိုးသက်ရောက်မှု လျော့နည်းစေရန် မလေးရှားအစိုးရက အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ တန်ကြေးရှိ စီးပွားရေးကယ်ဆယ်မှုအစီအစဉ်သုံးခု ဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် စုစုပေါင်း ဆုံးရှုံး နစ်နာမှုမှာ ခန့်မှန်းချေ ရင်းဂစ် ၆၃ ဘီလီယံခန့် ရှိခဲ့ကြောင်း ဝန်ကြီးချုပ် မူယက်ဒင်ယာဆင်က အလုပ်သမားနေ့ မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

ကိုးကား။ ။စီအင်န်အေ

Ref; Malaysia’s movement control order to be extended further until Jun 9, says PM Muhyiddin

#PeopleMedia


Share this post