• Follow Us on

Home မဲေပးခြင့္ သက္ေသခံလက္မွတ္မ်ားကို ကြန္ျပဴတာျဖင့္ ထုတ္ေပးသည့္ NLD ပါတီမွ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ကို ဖမ္းဆီးကာ အမႈဖြင့္

မဲေပးခြင့္ သက္ေသခံလက္မွတ္မ်ားကို ကြန္ျပဴတာျဖင့္ ထုတ္ေပးသည့္ NLD ပါတီမွ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ကို ဖမ္းဆီးကာ အမႈဖြင့္

Share this post

ရန္ကုန္၊ ႏိုဝင္ဘာ ၈
ေရြးေကာက္ပြဲတြင္ မဲေပးရန္အတြက္ မဲေပးခြင့္ သက္ေသခံလက္မွတ္မ်ားကို ကြန္ျပဴတာျဖင့္ ထုတ္ေပးသည့္ NLD ပါတီမွ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ကို ဖမ္းဆီးရမိမႈ ျမ၀တီၿမိဳ႕နယ္၊ အမွတ္ (၄) ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ား၏ အတည္ျပဳေျပာဆိုခ်က္အရ သိရပါတယ္။ အဆိုပါ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားဟာ ျမဝတီၿမိဳ႕ အမွတ္ (၄) ရပ္ကြက္ မဲ႐ုံ (၁) ၿမိဳ႕မအားကစား႐ုံအနီး ယင္းကဲ့ သို႔ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ယင္းကိစၥအေပၚ အေရးယူေဆာင္ရြက္ရန္အတြက္ အျခားပါတီမ်ားအေနျဖင့္လဲ တင္ျပထားေၾကာင္း သိရပါတယ္။ “NLD က အမ်ိဳးသမီးတစ္ေယာက္နဲ႔ ေကာင္ေလးတစ္ေယာက္ကို ရဲကားတစ္စီးက ေခၚသြားတယ္။ အဲ့ဒါနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးကို လိုက္သြားတယ္။ အဲ့ဒါနဲ႔ပတ္သက္လို႔ ၿမိဳ႕နယ္ေကာ္မရွင္ဥကၠ႒ကို ကၽြန္ေတာ္တို႔ ေမးတယ္။ အဲ့ဒီကိစၥနဲ႔ပတ္သက္လို႔ ၿမိဳ႕နယ္ေကာ္မရွင္ဥကၠ႒ကေတာ့ အတည္ျပဳပါတယ္” ဟု ျမဝတီၿမိဳ႕ ေဒသခံ တစ္ဦးျဖစ္သူ ဦးဝင္းေဇာ္က ေျပာပါတယ္။ အထက္ပါျဖစ္စဥ္တြင္ အမ်ားစုအေနျဖင့္ မဲေပးခြင့္ သက္ေသခံလက္မွတ္မ်ားကို ကြန္ျပဳတာျဖင့္ ထုတ္ေပး သည္ဟု ေျပာဆိုမႈမ်ားရွိေသာ္လည္း အဆိုပါကိစၥသည္ မွားယြင္းေနေၾကာင္း ယင္းျဖစ္စဥ္သည္ ကြဲလြဲမႈရွိ ေနေၾကာင္း ျမဝတီၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဗိုုလ္က ဆိုပါတယ္။ “လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို မဲစာရင္းေတြကိုေပးတယ္၊ ကြန္ျပဴတာနဲ႔ဆိုရင္ လြယ္တာေပ့ါ မဲ႐ုံ အလိုက္ မွတ္ပုံတင္နံပါတ္ေျပာလိုက္ရင္ ထြက္လာတယ္ရွာလို႔ရတယ္။ အဲ့ဒါပဲလုပ္ၾကတာပါ က်န္တဲ့အပိုင္းက သူတို႔ ဘယ္လိုလုပ္ၾကတယ္ဆိုတာ ကၽြန္ေတာ္မသိေသးဘူး ျဖစ္တာက အဲ့ဒီလို မဲ႐ုံနဲ႔လဲ အေဝးႀကီးပဲ” ဟု ဦးစိန္ဗိုလ္က ေျပာပါတယ္။ ေရြးေကာက္ပြဲတြင္ မဲေပးရန္အတြက္ မဲေပးခြင့္ သက္ေသခံလက္မွတ္မ်ားကို ကြန္ျပဴတာျဖင့္ ထုတ္ေပးသည့္ NLD ပါတီမွ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ကို ျမဝတီၿမိဳ႕ရဲစခန္းတြင္ ဖမ္းဆီးထားပီး ျပည္ခိုင္ၿဖိဳးပါတီ အေနျဖင့္လဲ အဆိုပါကိစၥအေပၚ ဥပေဒေၾကာင္းအရ တရားစြဲသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
#PeopleMedia
(unicode)
မဲပေးခွင့် သက်သေခံလက်မှတ်များကို ကွန်ပြူတာဖြင့် ထုတ်ပေးသည့် NLD ပါတီမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးကာ အမှုဖွင့်
…………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၈
ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် မဲပေးခွင့် သက်သေခံလက်မှတ်များကို ကွန်ပြူတာဖြင့် ထုတ်ပေးသည့် NLD ပါတီမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးရမိမှု မြဝတီမြို့နယ်၊ အမှတ် (၄) ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ အတည်ပြုပြောဆိုချက်အရ သိရပါတယ်။ အဆိုပါ အမျိုးသမီးနှင့် အမျိုးသားဟာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် မဲရုံ (၁) မြို့မအားကစားရုံအနီး ယင်းကဲ့ သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စအပေါ် အရေးယူဆောင်ရွက်ရန်အတွက် အခြားပါတီများအနေဖြင့်လဲ တင်ပြထားကြောင်း သိရပါတယ်။ “NLD က အမျိုးသမီးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ကို ရဲကားတစ်စီးက ခေါ်သွားတယ်။ အဲ့ဒါနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးကို လိုက်သွားတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကို ကျွန်တော်တို့ မေးတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကတော့ အတည်ပြုပါတယ်” ဟု မြဝတီမြို့ ဒေသခံ တစ်ဦးဖြစ်သူ ဦးဝင်းဇော်က ပြောပါတယ်။ အထက်ပါဖြစ်စဉ်တွင် အများစုအနေဖြင့် မဲပေးခွင့် သက်သေခံလက်မှတ်များကို ကွန်ပြုတာဖြင့် ထုတ်ပေး သည်ဟု ပြောဆိုမှုများရှိသော်လည်း အဆိုပါကိစ္စသည် မှားယွင်းနေကြောင်း ယင်းဖြစ်စဉ်သည် ကွဲလွဲမှုရှိ နေကြောင်း မြဝတီမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုုလ်က ဆိုပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲစာရင်းတွေကိုပေးတယ်၊ ကွန်ပြူတာနဲ့ဆိုရင် လွယ်တာပေ့ါ မဲရုံ အလိုက် မှတ်ပုံတင်နံပါတ်ပြောလိုက်ရင် ထွက်လာတယ်ရှာလို့ရတယ်။ အဲ့ဒါပဲလုပ်ကြတာပါ ကျန်တဲ့အပိုင်းက သူတို့ ဘယ်လိုလုပ်ကြတယ်ဆိုတာ ကျွန်တော်မသိသေးဘူး ဖြစ်တာက အဲ့ဒီလို မဲရုံနဲ့လဲ အဝေးကြီးပဲ” ဟု ဦးစိန်ဗိုလ်က ပြောပါတယ်။ ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် မဲပေးခွင့် သက်သေခံလက်မှတ်များကို ကွန်ပြူတာဖြင့် ထုတ်ပေးသည့် NLD ပါတီမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို မြဝတီမြို့ရဲစခန်းတွင် ဖမ်းဆီးထားပီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်လဲ အဆိုပါကိစ္စအပေါ် ဥပဒေကြောင်းအရ တရားစွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။
#PeopleMedia

Share this post