• Follow Us on

Home တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ အေျခအေနေကာင္းသည့္အတြက္ NLD အစိုးရဖြဲ႕နိုင္ၿပီဟု ေဒါက္တာ မ်ိဳးညြန႔္ေျပာ

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ အေျခအေနေကာင္းသည့္အတြက္ NLD အစိုးရဖြဲ႕နိုင္ၿပီဟု ေဒါက္တာ မ်ိဳးညြန႔္ေျပာ

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၉
၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို မဲေရတြက္ရာမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးရဲ႕ ကနဦး အစီရင္ခံစာမ်ားမွာ အမ်ိဳသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ အႏိုင္ရရွိမႈမ်ားေနသည့္အတြက္ အစိုးရအဖြဲ႕ ဖြဲ႕နိုင္ၿပီျဖစ္တယ္လို႔ NLD ပါတီရဲ႕ CEC အဖြဲ႕၀င္ ေဒါက္တာ မ်ိဳးညြန႔္က ေျပာပါတယ္။
နိုဝင္ဘာ ၈ ရက္ေန႔က က်င္းပျပဳလုပ္တဲ့ ပါတီစုံဒီမိုကေရစီေရြးေကာက္ပြဲမွာ NLD ပါတီရဲ႕ ေအာင္နိုင္မႈအေျခ အေနကို ယေန႔နံနက္ပိုင္းက ေမးျမန္းရာမွာေတာ့ ေဒါက္တာမ်ိဳးညြန႔္က အထက္ပါအတိုင္း ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
“ကနဦး အစီရင္ခံစာေတြ အရေတာ့ အစိုးရအဖြဲ႕ ဖြဲ႕နိုင္ၿပီလို႔ ေျပာလို႔ရပါတယ္၊ ဒါေပမဲ့ ေရြးေကာ္ရဲ႕ အစီ ရင္ခံစာက ေနာက္ဆုံးအတည္ျဖစ္မွာေပါ့” လို႔ ေဒါက္တာမ်ိဳးညြန႔္က ေျပာပါတယ္။
ကနဦး တင္ျပခ်က္မ်ားအရ ဧရာဝတီတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးေတြမွာေတာ့ တိုင္းလုံးကၽြတ္ အနိုင္ရေနေပမယ့္ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ အျငင္းပြားမႈေတြ ရွိေနေသးတဲ့အတြက္ အတည္ျပဳေျပာဖို႔ ခက္ေသးတယ္လို႔ ၎က ေျပာပါတယ္။ လက္ရွိအခ်ိန္ထိ စာရင္းမ်ား NLD ပါတီအေနနဲ႔ တိုင္းေဒသႀကီးေတာ္ေတာ္မ်ားမွာ အနိုင္ရထားၿပီးျဖစ္သလို ျပည္နယ္တစ္ခ်ိဳ႕မွာလည္း အေျခအေနေကာင္းေနတယ္လို႔ သတင္းရရွိပါတယ္။ လက္ရွိအာဏာရပါတီတစ္ခုျဖစ္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္သည္ ၂၀၁၅ ခုႏွစ္တြင္လဲ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္အႏိုင္ရရွိကာ အစိုးရဖြဲ႕ႏိုင္ခဲ့ၿပီး ယခု ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္လဲ အႏိုင္ရရွိပါက ႏွစ္ႀကိမ္တိုင္ အစိုးရဖြဲ႕ႏိုင္ေသာ ပါတီတစ္ခုလဲျဖစ္လာမွာျဖစ္ပါတယ္။
#PeopleMedia #2020election
(unicode)
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေအနေကောင်းသည့်အတွက် NLD အစိုးရဖွဲ့နိုင်ပြီဟု ဒေါက်တာ မျိုးညွန့်ပြော
……………………………………………………………..
 
ရန်ကုန်၊ နိုဝင်ဘာ ၉
 
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မဲရေတွက်ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ ကနဦး အစီရင်ခံစာများမှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အနိုင်ရရှိမှုများနေသည့်အတွက် အစိုးရအဖွဲ့ ဖွဲ့နိုင်ပြီဖြစ်တယ်လို့ NLD ပါတီရဲ့ CEC အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
 
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အောင်နိုင်မှုအခြေ အနေကို ယနေ့နံနက်ပိုင်းက မေးမြန်းရာမှာတော့ ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
“ကနဦး အစီရင်ခံစာတွေ အရတော့ အစိုးရအဖွဲ့ ဖွဲ့နိုင်ပြီလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ရွေးကော်ရဲ့ အစီ ရင်ခံစာက နောက်ဆုံးအတည်ဖြစ်မှာပေါ့” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
 
ကနဦး တင်ပြချက်များအရ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတွေမှာတော့ တိုင်းလုံးကျွတ် အနိုင်ရနေပေမယ့် တစ်ချို့နေရာတွေမှာတော့ အငြင်းပွားမှုတွေ ရှိနေသေးတဲ့အတွက် အတည်ပြုပြောဖို့ ခက်သေးတယ်လို့ ၎င်းက ပြောပါတယ်။
 
လက်ရှိအချိန်ထိ စာရင်းများ NLD ပါတီအနေနဲ့ တိုင်းဒေသကြီးတော်တော်များမှာ အနိုင်ရထားပြီးဖြစ်သလို ပြည်နယ်တစ်ချို့မှာလည်း အခြေအနေကောင်းနေတယ်လို့ သတင်းရရှိပါတယ်။
 
လက်ရှိအာဏာရပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်တွင်လဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့ပြီး ယခု ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လဲ အနိုင်ရရှိပါက နှစ်ကြိမ်တိုင် အစိုးရဖွဲ့နိုင်သော ပါတီတစ်ခုလဲဖြစ်လာမှာဖြစ်ပါတယ်။
 
#PeopleMedia #2020election

Share this post