• Follow Us on

Home မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ (၁၂၈) ပါတီ မှ (၃၁) ပါတီကို ပါတီအဖြစ်မှ UEC ပယ်ဖျက်


Share this post

ရန်ကုန်၊ မေ – ၂၅



#PeopleMedia #UEC

(Unicode)
မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ (၁၂၈) ပါတီ မှ (၃၁) ပါတီကို ပါတီအဖြစ်မှ UEC ပယ်ဖျက်
……………………………………………………

ရန်ကုန်၊ မေ – ၂၅

လက်ရှိအချိန်ထိ နိုင်ငံရေးပါတီ(၁၂၈)ပါတီကို ပါတီတည်ထောင်ခွင့်ပြုပေးခဲ့သော်လည်း (၃၁)ပါတီကို ပါတီ အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ(၂၅)ရက်နေ့၌ သတင်းထုတ်ပြန် လိုက်ပါတယ်။

နိုင်ငံရေးပါတီ (၁၂၈) ပါတီကို ခွင့်ပြုထားသော်လည်း (၃၁)သည် တည်ဆဲဥပဒေများနှင့် ညီညွှတ်မှုမရှိ၍ ဖျက် သိမ်းခဲ့ခြင်းဖြစ်ပါတယ်။ ထို့အတူ ထပ်မံ၍ နိုင်ငံရေးပါတီ(၃)ပါတီကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။ လက်ရှိ အချိန်၌ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ(၉၇)ပါတီ၌ တစ်နိုင်ငံလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ (၇၉) ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးမည့်ပါတီ(၁၈)ပါတီရှိပါတယ်။

#PeopleMedia #UEC


Share this post