• Follow Us on

Home မကြာမီကျင်းပမည့် အာဆီယံအစည်းအဝေးသို့ မြန်မာစစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ် ကြားခြင်းမပြုကြောင်း ကမ္ဘောဒီးယားပြော

မကြာမီကျင်းပမည့် အာဆီယံအစည်းအဝေးသို့ မြန်မာစစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ် ကြားခြင်းမပြုကြောင်း ကမ္ဘောဒီးယားပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (People Media)

 

ယခုလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင်ကျင်းမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း အာဆီယံအလှည့် ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်သည်။

 

“အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုမရှိသလောက် ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို မြန်မာ နစက အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖို့ ခက်ခဲနေကြောင်းတွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးကို ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တစ်ယောက်စေလွှတ်ဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ ပြောထားပါတယ်။” ဟု ကမ္ဘောဒီးယားနိုင် ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ချူဝမ်ဆူနရီက VOA သတင်းဌာနကို ပြောသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးမှာ ဒေသတွင်း ထင်ရှားပြီး အရေးပါသောအစည်းအဝေးတစ်ခုဖြစ်သည်။

 

လွန်ခဲ့လဆန်းပိုင်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့သည့်ကိစ္စကို  အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့အပါအဝင် အာဆီယံနိုင်ငံအချို့က ဝေဖန်ခဲ့ပြီးနောက် ယခုနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို မြန်မာအစိုးရအားဖိတ်ကြားခြင်းမပြုရန် ကမ္ဘော ဒီးယားအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာစစ်အစိုးရကို ဆက်တိုက်ပိတ်ပင်ထားမည့်အစား အာဆီယံ ၁၀ နိုင်ငံကို ပြန်လည်ပေါင်းစည်းစေလို ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောသည်။

 

“အစည်းအဝေးကို ဒီအတိုင်းခုံအလွတ်ကြီးထားမယ့်အစား နိုင်ငံရေးအရကိုယ်စားမပြုတဲ့သူတစ်ဦးကို တက် ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်က စေလွှတ်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ နိုင်ငံရေးအရ ကိုယ်စားမပြုသူက ဘယ်သူဖြစ်မလဲဆိုတာကတော့ မြန်မာအစိုးရပဲ ဆုံးဖြတ်ရမှာပါ။” ဟု ချူဝမ်ဆူနရီက ပြောသည်။

 

ကနဦးက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် မြန်မာနိုင်ငံ ပြည်ပြေးအစိုးရဖြစ်သော အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တည်ရှိမှုကို အသိအမှတ်ခဲ့ပြီး အာဆီယံအစည်းအဝေးများတွင် မြန်မာအစိုးရအနေဖြင့် နိုင် ငံရေးအရ ကိုယ်စားပြုတက်ရောက်နိုင်ရေး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်  ရာတွင် တိုးတက်မှုများရရှိကြောင်းပြသနိုင်ရေးအတွက် မြန်မာနိုင်ငံကို စတင်ဖိအားပေးခဲ့ဖူးသည်။

 

“အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်တွေကိုဆောင်ရွက်ရာမှာ တိုးတက်မှုရှိဖို့လိုတယ်ဆိုတဲ့ အ ကြောင်း ကျွန်တော်တို့ပြောဆိုရာမှာ မြန်မာအစိုးရဆီက ပိုပြီးကြိုးပမ်းဆောင်ရွက်လိုတဲ့ဆန္ဒတွေကို ကျွန်တော်  တို့ မြင်တွေ့ချင်ကြတာပါ။ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွေကတစ်ဆင့် အကြမ်းဖက်မှုတွေရပ်ဆိုင်း သွားတာ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို စတင်ဆောင်ရွက်လာတာ၊ နိုင်ငံ ရေးအရ ဖမ်းဆီးခံထာရသူတွေကို သွားရောက်တွေ့ဆုံဖို့ ခွင့်ပြုတာ၊ လိုအပ်သူတွေထံကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ သွားရောက်ထောက်ပံ့ဖို့ခွင့်ပြုပေးတာ၊ အဆင်ပြေချောမွေ့အောင် ကူညီပေး တာ စတာတွေကို ကျွန်တော်တို့ တွေ့မြင်ချင်နေတာပါ။” ဟု ချူဝမ်ဆူနရီက ပြောသည်။

 

မြန်မာစစ်အစိုးရဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခွင့်မပြုခြင်းသည် သြ ဇာလွှမ်းမိုးမှုအားကောင်းသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အတိုက်အခံများနှင့်ရင်ဆိုင်ရာ၌ ကမ္ဘောဒီးယားနိုင်  ငံက မြန်မာစစ်အစိုးရအားဆက်ဆံရာတွင် အစောပိုင်းကကျင့်သုံးခဲ့သည့် တစ်မူထူးခြားသောမူဝါဒကို ကန့်သတ်  ပြလိုက်ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးသုတေသနအင်စတီကျူအဖွဲ့ဝင် ဗန်းဘန်းနားက ပြောသည်။

 

“ကမ္ဘောဒီးယားနိုင်ငံက မြန်မာစစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ရောက်ခွင့်ရဖို့အတွက် ဆက် ပြီးတွန်းအားပေးနေမယ်ဆိုရင် အာဆီယံဝန်ကြီးအစည်းအဝေးတွေ ဆက်လက်ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးဆို တာသိပါတယ်။ ဒါ့ကြောင့်မို့ ကမ္ဘောဒီးယားနိုင်ငံက အခုလိုကြေညာလိုက်တာပါ။” ဟု ဗန်းဘန်းနားက ပြောသည်။

 

Ref: Cambodia Says Myanmar Junta’s Foreign Minister Not Invited to Upcoming ASEAN Meeting

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Cambodia Says Myanmar Junta’s Foreign Minister Not Invited to Upcoming ASEAN Meeting

 

#PeopleMedia


Share this post