• Follow Us on

Home e-ID စနစ်အကောင်အထည်ဖော်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လ-ဝ-ကဝန်ကြီး ပြောကြား

e-ID စနစ်အကောင်အထည်ဖော်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လ-ဝ-ကဝန်ကြီး ပြောကြား

Share this post

မန္တလေး၊ ဖေဖော်ဝါရီ ၃ (People Media)

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်ကြီး (၃) ရပ်ကို နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၊ အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင် တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက “ယခု သင်တန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်းတွင် တတိယအကြိမ် အဖြစ်ဖွင့်လှစ်သည့် အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ သင်တန်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်ကြီး (၃) ရပ် ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံ တင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်းတို့ကို နိုင်ငံ တော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ် ငန်း တာဝန်များသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်ပြီး သတ်မှတ် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” ပြောသည်။

 

“ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဌာန၏ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ သိရှိနားလည် ကျွမ်း ကျင်ပိုင်နိုင်စေရန်၊ ဌာန၏ လုပ်ငန်းစဉ် များကို သိရှိနားလည်ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာကျင့်သုံးနိုင်ရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရန်နှင့် ပြည်သူအပေါ်ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပို့ချခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချချက်များကို ဂရုတစိုက်လေ့လာမှတ်သားကြရန်နှင့် လက်တွေ့နယ်ပယ်တွင် ပြန် လည်အသုံးချကာ ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်” ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia #လဝက

 

(unicode)


…………………………………………………………..

 

မန်တလေး၊ ဖဖေောျဝါရီ ၃ (People Media)

 


 


 


 


 



Share this post