• Follow Us on

Home မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် ဆောင် ရွက်ခဲ့သည့် ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေး

မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် ဆောင် ရွက်ခဲ့သည့် ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေး

Share this post

နေပြည်တော်၊ မတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် ဆောင် ရွက်ခဲ့သည့် ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြိုနယ်ရှိ ရတနာပုံခန်းမ၌ ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တက်ရောက်ခဲ့သည်။

 

“အခုလို ပန်းခင်းစီမံချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မိမိတိုဌာန ဝန်ထမ်းတွေနဲ့  သက်ဆိုင် ရာ အာဏာပိုင်အဖွဲအစည်းတွေ ဆက်စပ်ဌာနတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးတွေအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ပြီးဆုံးသွားတဲ့ လုပ်ငန်း မဟုတ်တဲ့အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နေရမယ့်လုပ်ငန်းဖြစ်ပြီး အခုဆောင်ရွက်မှုတွေအတွက် စာရင်း ဇယား အထောက်အထား၊ မှတ်တမ်းမှတ်ရာတွေ ဖြည့်သွင်းဆောင်ရွက်တာ၊ ကောက်သင်းကောက် လုပ်ငန်း များအဖြစ် ဆက်လက်ဆောင်ရွက်တာနဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု ပြည်ထောင် စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီး မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ပြီး  ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသ ကြီးမှ ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရ သည်။

 

(unicode)


…………………………………..

 


 


 


 


 



Share this post