• Follow Us on

Home မႏၲေလး-ျမစ္ႀကီးနား ရထားလမ္းပိုင္း သံလမ္းေပၚတြင္ ထန္းလုံးႏွင့္ ထန္းလက္မ်ား ျဖင့္ ပိတ္ဆို႔ခံရ

မႏၲေလး-ျမစ္ႀကီးနား ရထားလမ္းပိုင္း သံလမ္းေပၚတြင္ ထန္းလုံးႏွင့္ ထန္းလက္မ်ား ျဖင့္ ပိတ္ဆို႔ခံရ

Share this post

ခင္ဦး၊ ေဖေဖာ္ဝါရီ ၁၈

မႏၲေလး- ျမစ္ႀကီးနား ရထားလမ္းပိုင္း ခင္ဦးဘူတာႏွင့္ မေဒါင္းလွ ဘူတာအၾကား ရထားမိုင္တိုင္အမွတ္ (၄၅၉/၃ -၄၅၉/၂) သံလမ္းေပၚတြင္ ထန္းလုံးႏွင့္ ထန္းလက္မ်ားျဖင့္ ပိတ္ဆို႔ခံခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဉ္မွာ ယေန႔ ေဖေဖာ္ဝါရီလ (၁၈) ရက္ေန႔၊ နံနက္(၇) နာရီအခ်ိန္က စက္ေခါင္းေမာင္း ဦးရဲျမင့္ေအာင္၊ မီးထိုး ဦးဖိုးကုလားႏွင့္ ရထားထိန္း ဦးစံလြင္တို႔ လိုက္ပါ ေမာင္းႏွင္ၿပီး ျမစ္ႀကီးနားဘက္မွ မႏၲေလးဘက္သို႔ ထြက္ခြာလာသည့္ အမွတ္(၄၂) အစုန္ လူစီးရထား စက္ေခါင္းအမွတ္(DD/1354) သည္ ခင္ဦးဘူတာႏွင့္ မေဒါင္းလွ ဘူတာအၾကား ရထားမိုင္တိုင္အမွတ္ (၄၅၉/၃ -၄၅၉/၂) ၾကားအေရာက္တြင္ ရထားသံလမ္းေပၚတြင္ ထန္းလုံးႏွင့္ ထန္းလက္မ်ား ပိတ္ဆို႔ခ်ထားသည္ကို စက္ေခါင္းေမာင္ ဦးရဲျမင့္ေအာင္မွ ျမင္ေတြ႕ခဲ့ရၿပီး ရထားအား အခ်ိန္မီ ရပ္တန္႔ႏိုင္ခဲ့သျဖင့္ ရထားတိမ္းေမွာက္မႈ အႏၲရာယ္မွ ကင္းေဝးခဲ့ရသည္။

ထို႔ေနာက္ ရထားေပၚတြင္ လိုက္လာသူ ခရီးသည္မ်ား၏ အကူအညီျဖင့္ ထန္းလုံးႏွင့္ ထန္းလက္မ်ားအား ဖယ္ရွားကာ ရထားကို ဆက္လက္ထြက္ခြာႏိုင္ခဲ့ေၾကာင္း သိရၿပီး ယင္းျဖစ္စဉ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

ကိုကိုဦး(မိုးညႇင္း)

#peoplemedia

(unicode)
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း သံလမ်းပေါ်တွင် ထန်းလုံးနှင့် ထန်းလက်များ ဖြင့် ပိတ်ဆို့ခံရ
……………………………………………………………………………………..

ခင်ဦး၊ ဖေဖော်ဝါရီ ၁၈

မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်း ခင်ဦးဘူတာနှင့် မဒေါင်းလှ ဘူတာအကြား ရထားမိုင်တိုင်အမှတ် (၄၅၉/၃ -၄၅၉/၂) သံလမ်းပေါ်တွင် ထန်းလုံးနှင့် ထန်းလက်များဖြင့် ပိတ်ဆို့ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ နံနက်(၇) နာရီအချိန်က စက်ခေါင်းမောင်း ဦးရဲမြင့်အောင်၊ မီးထိုး ဦးဖိုးကုလားနှင့် ရထားထိန်း ဦးစံလွင်တို့ လိုက်ပါ မောင်းနှင်ပြီး မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် အမှတ်(၄၂) အစုန် လူစီးရထား စက်ခေါင်းအမှတ်(DD/1354) သည် ခင်ဦးဘူတာနှင့် မဒေါင်းလှ ဘူတာအကြား ရထားမိုင်တိုင်အမှတ် (၄၅၉/၃ -၄၅၉/၂) ကြားအရောက်တွင် ရထားသံလမ်းပေါ်တွင် ထန်းလုံးနှင့် ထန်းလက်များ ပိတ်ဆို့ချထားသည်ကို စက်ခေါင်းမောင် ဦးရဲမြင့်အောင်မှ မြင်တွေ့ခဲ့ရပြီး ရထားအား အချိန်မီ ရပ်တန့်နိုင်ခဲ့သဖြင့် ရထားတိမ်းမှောက်မှု အန္တရာယ်မှ ကင်းဝေးခဲ့ရသည်။

ထို့နောက် ရထားပေါ်တွင် လိုက်လာသူ ခရီးသည်များ၏ အကူအညီဖြင့် ထန်းလုံးနှင့် ထန်းလက်များအား ဖယ်ရှားကာ ရထားကို ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ကိုကိုဦး(မိုးညှင်း)

#peoplemedia


Share this post