• Follow Us on

Home ယီမင်ဆိပ်ကမ်းတွင် ငါးဖမ်းသင်္ဘောများ နစ်မြုပ်


Share this post





#PeopleMedia

Ref;reuters

(unicode)
ယီမင်ဆိပ်ကမ်းတွင် ငါးဖမ်းသင်္ဘောများ နစ်မြုပ်
………………………………………………

ယီမင်နိုင်ငံ ဧဒင်မြို့က ငါးဖမ်းဆိပ်ကမ်းတစ်ခုမှာ တစ်ပိုင်းတစ်စနစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးကို နို၀င်ဘာ ၁၆ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။

ဧဒင်မြို့ဟာ တောင်ပိုင်းခွဲထွက်ရေးသမားတွေနဲ့ အီရန်ကထောက်ပံ့ပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ပွဲတွေကြားထဲရောက်ရှိနေတဲ့မြို့ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ ဟူသီသူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ယီမင်မှာပြုလုပ်လျက်ရှိနေပါတယ်။

ဆော်ဒီဦးဆောင်တဲ့ညွှန့်ပေါင်းအဖွဲ့အနေနဲ့ ယီမင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ရင် ဟူသီသူပုန်တွေအနေနဲ့ ဆော်ဒီကို မစ်ဇိုင်းဒုံး၊ဒရုန်းတွေနဲ့တိုက်ခိုက်မှုကိုရပ်တန့်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

#PeopleMedia

Ref;reuters


Share this post