• Follow Us on

Home ယုန်လေးကိုလေးစား၊ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ဆို ပြောဆို


Share this post

ရန်ကုန်၊သြဂုတ်-၁၅






#PeopleMedia#PPP

[Unicode]
ယုန်လေးကိုလေးစား၊ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ဆို ပြောဆို
…………………………………………………………………..

ရန်ကုန်၊သြဂုတ်-၁၅

အဆိုတော် ယုန်လေးကိုလေးစား၊ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ဆို ပြောဆိုပါတယ်။

“ပြည်သူလူထုကြားထဲမှာအနီနဲ့အစိမ်းကွဲနေတဲ့ကိစ္စကို မြင်တဲ့အခါကြတော့ လူငယ်တစ်ယောက်ကနေ သူတို့ရဲ့ အနာဂတ်တိုင်းပြည်မှာစည်းလုံးညီ ညွှတ် တဲ့တိုင်းပြည်ဖြစ်ချင်တယ်ပေါ့နော်။ဖြစ်ချင်တဲ့အတွက်ကြောင့်မို့ ဒီလိုဗီဒီယိုနဲ့သီချင်းကိုဖန်တီးတာပေါ့နော်။ဒါလေးကို ကျွန်မယုန်လေးကိုကျေးဇူးလည်းတင်တယ်။ လေးလည်းလေးစားတယ်”လို့ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

ယုန်လေးကို သူမအနေဖြင့် ယုန်လေးစိတ်ဆိုးဆိုးဖြင့် Live လွှင့်မှသာ မြင်ဖူးကြောင်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။အဆိုတော်ယုန်လေးသည် ပြီးခဲ့သည့် ရက်ပိုင်းက “ငါတို့အားလုံးရဲမြေ”MV ကို FB စာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်ခဲ့ရာ လက်ခံသူ၊လက်မခံသူများနှင့် ပွဲဆူခဲ့ပါတယ်။

သြဂုတ်လ ၁၅ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သော ပြည်သူ့ရှေ့ဆောင်ပါတီ၏ တတိယ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်ကို ဒေါက်တာ ဒေါ်သက်သက်ခိုင်အနေဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်ဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် လာမည့်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းပေါင်း ၂၃၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

photo-ppp

#PeopleMedia #PPP


Share this post