• Follow Us on

Home ယူကရိန်းစစ်ပွဲမှာ ကျဆုံး/ဒဏ်ရာရ စစ်သည်များရှိကြောင်း ရုရှားကြည်းတပ် ဝန်ခံပြောကြား

ယူကရိန်းစစ်ပွဲမှာ ကျဆုံး/ဒဏ်ရာရ စစ်သည်များရှိကြောင်း ရုရှားကြည်းတပ် ဝန်ခံပြောကြား

Share this post

Open photo

Open photo

 

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ကျဆုံးအရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ယူကရိန်းစစ်ပွဲစတုတ္ထမြောက်နေ့မှာ ရုရှားစစ်သားများ ကျဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေရှိကြောင်း ရုရှားကြည်းတပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဝန်ခံပြောကြားခဲ့ ပါတယ်။

 

“အထူးစစ်ဆင်ရေးကာလမှာ တိုက်ပွဲဝင်ရင်း ရုရှားစစ်သည်တော်တွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ သူရဲကောင်း စိတ်ဓာတ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။” လို့ အစိုးရပိုင်ရုပ်သံသတင်းဌာနကနေ ရုရှားကြည်းတပ်ပြောခွင့်ရ ပုဂ္ဂိုလ် အီဂိုကော်နာရှန်ကော့ဗ်က ပြောပါတယ်။

 

“ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေကြားမှာ ထိခိုက်ကျဆုံးတာတွေရှိခဲ့ပါ တယ်။” လို့ ၎င်းကပြောပါတယ်။

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့အစောပိုင်း ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်တဲ့အချိန်ကတည်းက အခုအချိန်အထိ ရုရှားအစိုးရဘက်က ရုရှားစစ်သည်တွေ အကျအဆုံးရှိတယ်ဆိုတာကို ပထမဦးဆုံးအကြိမ်ထုတ်ဖော်ပြောကြား လိုက်တာပဲဖြစ်ပါတယ်။

 

ရုရှားတပ်မတော်အနေနဲ့ လက်နက်ချခဲ့တဲ့ယူကရိန်းစစ်သုံ့ပန်းတွေကို ၎င်းတို့ိမိသားစုများထံ ပြန်လည်ပို့ဆောင် ပေးမယ်လို့ ကော်နာရှန်ကော့ဗ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အရပ်သားတွေဒါဇင်နဲ့ချီသေဆုံးမှုရှိနေပြီး လူဦးရေထောင် ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပေးနေကြရသလို ကျူးကျော်တိုက်ခိုက်တဲ့ရုရှားနိုင်ငံကိုလည်း ကမ္ဘာ့နိုင်ငံများ က ဝိုင်းဝန်းပြစ်တင်ဝေဖန်လျက်ရှိပါတယ်။

 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတွေ့ဆုံဆွေးနွေးမယ့် ဆွေးနွေးပွဲမှာ ဘယ်လိုကြိုတင်သတ်မှတ်ချက်မျိုးတွေမှ မပါ ဝင်ဖို့ ပြောဆိုရင်း ယူကရိန်းနိုင်ငံက ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို အိမ်န်ီးချင်း ဘယ်လာရုစ်နိုင်ငံကို စေလွှတ် ပေးဖို့ သဘောတူ ညီလိုက်ပါတယ်။

 

ဘယ်လာရုစ်နိုင်ငံဟာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ဖို့ ရုရှားတပ်ဖွဲ့ဝင် တွေကို ဖြတ်သန်း ခွင့်ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

 

Ref: Russia admits ‘killed and injured’ troops in Ukraine

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 

Ref: Russia admits ‘killed and injured’ troops in Ukraine

 

#PeopleMedia


Share this post