• Follow Us on

Home ယူကရိန်းမှာတိုက်ပွဲဝင်ဖို့ ဆီးရီးယားတိုက်ခိုက်ရေးသမားတွေကို ရုရှားနိုင်ငံက စုဆောင်းနေတယ်လို့ အမေ ရိကန်အရာရှိတွေပြော

ယူကရိန်းမှာတိုက်ပွဲဝင်ဖို့ ဆီးရီးယားတိုက်ခိုက်ရေးသမားတွေကို ရုရှားနိုင်ငံက စုဆောင်းနေတယ်လို့ အမေ ရိကန်အရာရှိတွေပြော

Share this post

Open photo

နိုင်ငံတကာ၊ မတ် ၇

 

ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံကိုတိုက်ခိုက်နေတဲ့စစ်ရှိန်မြှင့်တင်နေစဉ်အတွင်းမှာပဲ မြို့တွင်းတိုက်ပွဲအတွေ့အ ကြုံကောင်းကောင်းရှိတဲ့ ဆီးရီးယားတိုက်ခိုက်ရေးသမားတွေ စုဆောင်းနေတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောစကားကို ကိုးကားပြီး Wall Street ဂျာနယ်က မတ်လ ၆ ရက်နေ့မှာရေးသားဖော်ပြခဲ့ပါတယ်။

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အိမ်နီးချင်း ယူကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့ရုရှားအစိုးရဟာ ကိယက်ဗ် မြို့ကိုသိမ်းပိုက်ရာမှာ အထောက်အကူရဖို့အတွက် လတ်တလောကာလအတွင်း ဆီးရီးယားနိုင်ငံက တိုက်ခိုက် ရေးသမားတွေကို စုဆောင်းနေတယ်လို့ အမေရိကန်အရာရှိလေးဦးက US daily သတင်းဌာနကိုပြောပါတယ်။

 

ရုရှားအစိုးရဟာ ၂၀၁၅ ခုနှစ်တုန်းက ဆီးရီးယားသမ္မတဘရှားအယ်အာဆတ်ဘက်ကနေရပ်တည်ပြီး ဆီးရီးယား ပြည်တွင်းစစ်ထဲကို ဝင်ပါခဲ့ပါတယ်။

 

ဆီးရီးယားနိုင်ငံဟာ မြို့ပြတိုက်ပွဲတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကျော် ပြည် တွင်းစစ်ပွဲမှာ နစ်မြုပ်နေခဲ့ပါတယ်။

 

ဆီးရီးယားတိုက်ခိုက်ရေးသမားဘယ်နှယောက်စုဆောင်းနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း တိတိကျကျ မ သိရပေမဲ့ ဆီးရီးယားတိုက်ခိုက်ရေးသမားတချို့ကတော့ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့တိုက်ပွဲတွေမှာပါ ဝင်တိုက်ခိုက်ဖို့အတွက် ရုရှားကို ရောက်ရှိနေပြီလို့ အမေရိကန်အရာရှိတစ်ယောက်က ပြောပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာ ပြည်ပနိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေဟာ နှစ်ဖက်စလုံးကနေ ပါဝင်တိုက် ခိုက်နေကြတယ်လို့ ဆိုပါတယ်။

 

အရင်တုန်းက သူပုန်ဖြစ်ပြီး နောက်ပိုင်းမှာ ရုရှားအစိုးရရဲ့မဟာမိတ်ဖြစ်လာတဲ့ ချေချင်းညာခေါင်းဆောင် ရမ်ဇမ် ကဒီယက်ဗ်က ယူကရိန်းကို ချေချင်းတိုက်ခိုက်ရေးသမားတွေတိုက်ခိုက်နေတဲ့ဗီဒီယိုကို ထုတ်ဖော်ပြသခဲ့ပြီး တ ချို့ချေချင်းတိုက်ခိုက်ရေးသမားတွေ တိုက်ပွဲမှာကျဆုံးခဲ့တာရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

တစ်ပြိုင်တည်းမှာပဲ ပြည်ပနိုင်ငံတွေက စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမား ၂၀,၀၀၀ ဝန်းကျင်လောက်ဟာ ယူကရိန်းတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့ ထွက်ခွာသွားကြတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရီ ကူလီဘာက ပြောပါတယ်။

 

ရုရှားတပ်တွေက ခါဆန်ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ထားပြီး ယူကရိန်းနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့ပြဒေသတွေကို အ မြောက်တွေနဲ့ တိုးမြှင့်ပစ်ခတ်နေပေမဲ့လည်း ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်ဗ်နဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကိုတော့ ယူကရိန်းအစိုးရက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

 

ရုရှားတိုက်ခိုက်မှုဟာ ၁၂ ရက်မြောက်ဖြစ်လာပြီး လူဦးရေ ၁.၅ သန်းဟာ ယူကရိန်းနိုင်ငံကနေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ ဒီအဖြစ်အပျက်ကို ကုလသမဂ္ဂက ဒုတိယကမ္ဘာစစ်အပြီး ဥရောပဒေသရဲ့အကြီးမား ဆုံး ဒုက္ခသည်အကျပ်အတည်းကြီးဖြစ်တယ်လို့ ပြောပါတယ်။

 

Ref: US Officials Say Russia Recruiting Syrians to Fight in Ukraine: WSJ

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: US Officials Say Russia Recruiting Syrians to Fight in Ukraine: WSJ

 

#PeopleMedia


Share this post