• Follow Us on

Home ယူကရိန်းနိုင်ငံတွင်း ရုရှားတပ်များ ဓာတုလက်နက်အသုံးပြုလာနိုင်တယ်လို့ အမေရိကန်သတိပေး

ယူကရိန်းနိုင်ငံတွင်း ရုရှားတပ်များ ဓာတုလက်နက်အသုံးပြုလာနိုင်တယ်လို့ အမေရိကန်သတိပေး

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

ယူကရိန်းနိုင်ငံထဲမှာ တရားမဝင်ဓာတုလက်နက်ထုတ်လုပ်မှုတွေလုပ်နေတယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ စွပ်စွဲပြောဆို ချက်ကို အမေရိကန်အစိုးရက ငြင်းပယ်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံထဲကတိုက်ပွဲတွေမှာ ရုရှားအနေနဲ့ ဓာတုလက်နက် ဒါမှမဟုတ် ဇီဝလက်နက်တွေ အသုံးပြုကောင်းပြုလာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်အစိုးရက တရားဝင်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံထဲမှာ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေစမ်းသပ်နေတဲ့ဓာတ်ခွဲခန်းတွေကို ယူကရိန်းအစိုးရက အသုံးပြုနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက စွပ်စွဲလိုက်ပါတယ်။

 

ရုရှားရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဒီလိုပြောဆိုတာဟာ ရုရှားကိုယ်တိုင်က ယူကရိန်းစစ်ပွဲမှာ အဲဒီလို ဓာတု လက်နက်/ ဇီဝလက်နက်တွေ အသုံးပြုချင်လို့ အကြောင်းရှာနေတာဆိုပြီး အိမ်ဖြူတော်သတင်းစာရှင်း လင်းပွဲအ တွင်းရေးမှူး ဂျန်းဆာကီက ပြောဆိုလိုက်ပါတယ်။

 

“ဒါဟာ ယူကရိန်းနိုင်ငံကို တိုက်ခိုက်ဖို့ နောက်ထပ်ကြိုတင်စီမံထားပြီးသားဖြစ်တဲ့၊ အကြောင်းမဲ့၊ တရားမဲ့ တိုက် ခိုက်မှုဆောင်ရွက်ရာမှာ တရားမျှတပါတယ်လို့ အကြောင်းပြဖို့အတွက် သိသာထင်ရှားတဲ့ပရိယာယ်တစ်ခုပါပဲ။ ရုရှားဘက်ကလည်း မှားယွင်းတဲ့စွပ်စွဲမှုတွေ စွပ်စွဲထားပြီးဖြစ်သလို တရုတ်ကလည်း အဲဒီဝါဒဖြန့်မှုကို ထောက်ခံ အားပေးပြီးသားဖြစ်တဲ့အတွက် ယူကရိန်းနိုင်ငံထဲမှာ ရုရှားတပ်တွေ ဓာတုလက်နက် ဒါမှမဟုတ် ဇီဝလက်နက် တွေအသုံးပြုလာနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သတိဝီရိယနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။” လို့ ဂျန်း ဆာကီက မတ်လ ၉ ရက်နေ့က တွစ်တာမှာရေးသားခဲ့ပါတယ်။

 

ရုရှားနိုင်ငံဟာ ကျူးကျော်တိုက်ခိုက်ဖို့ အကြောင်းရှာပြီး အပြစ်ရှာတဲ့စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲမှာဖြစ်ကြောင်း အမေရိကန်အစိုးရက လပေါင်းများစွာကြာအောင် သတိပေးခဲ့ပါတယ်။

 

ယူကရိန်းကခုခံတိုက်ခိုက်သူတွေဟာ မျှော်လင့်ထားတာထက် ပိုပြီးပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေတဲ့ အ တွက် သီတင်းနှစ်ပတ်ကြာတိုက်ပွဲအရှိန်ကိုမြှင့်တင်ဖို့ အယောင်ဆောင်မှုတစ်ခုကို ရုရှားဘက်က ဖန်တီးလာနိုင် တယ်လို့ မတ်လ ၉ ရက်နေ့က သတိပေးမှုမှာဖော်ပြခဲ့ပါတယ်။

 

ရုရှားနိုင်ငံဟာ ပူတင်ရဲ့ရန်သူတွေဖြစ်တဲ့ အဲလက်ဇီနာဗန်နီနဲ့ သူလျှိုဟောင်းဖြစ်တဲ့ ဆာဂျီဆကရီပဲလ်တို့ကို လုပ် ကြံသတ်ဖြတ်ဖို့ကြိုးစားခြင်းမပြုခင်မှာ ဓာတုလက်နက်တွေကို အသုံးပြုခဲ့ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက လပေါင်းများစွာကြာအောင် လေ့လာအကဲဖြတ်ခဲ့ကြပါတယ်။

 

ရုရှားအစိုးရဟာ ဆယ်စုနှစ်ချီပြီးကြာနေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ဆီးရီးယားပြည်သူတွေကို သတ် ဖြတ်ရာမှာ ဓာတုလက်နက်တွေအသုံးပြုခဲ့တဲ့ အာဆတ်အစိုးရကိုလည်း ထောက်ပံ့ခဲ့ပါတယ်။

 

Ref: US warns Russia may use chemical weapons in Ukraine

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 


 


 


 


 

Ref: US warns Russia may use chemical weapons in Ukraine

 

#PeopleMedia


Share this post