• Follow Us on

Home မြန်မာနိုင်ငံအတွင်း မြေအသုံးချမှုစီမံခန့်ခွဲရာ၌ စိန်ခေါ်မှုများစွာရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံအတွင်း မြေအသုံးချမှုစီမံခန့်ခွဲရာ၌ စိန်ခေါ်မှုများစွာရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၀

 

မြန်မာနိုင်ငံအတွင်း မြေအသုံးချမှုစီမံခန့်ခွဲရာ၌ စိန်ခေါ်မှုများစွာရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားလိုက်သည်။

 

မတ်လ ၉ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့သည်။

 

“မြန်မာနိုင်ငံအတွင်း မြေအသုံးချမှုစီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ အစိုးရက စီမံခန့်ခွဲသည့် မြေ များအတွင်း အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ ချိတ်ဆက်မှု၊ သဟဇာတ မဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်း ခြင်းများ၊ ဥပဒေအပေါ် လို သလိုအလွဲသုံး ဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရာတွင် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းများ စသည့်အကန့်အသတ်နှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ကို တွေ့ရကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

“ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မြေအရင်းအမြစ် မူဝါဒဆိုင်ရာအရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းပေးနိုင်မည့် လက်တွေ့ကျသော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး ပေါင်းစပ်ညှိနှိုင်းရေးဆွဲ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက “မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ စနစ်တ ကျ ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အမျိုးသားမြေအသုံးချမှုမူဝါဒကို မဖြစ်မ နေ လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း” အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊‌ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦးနှင့် ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသား မြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post