• Follow Us on

Home ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ANP ပါတီနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုလူမျိုးများ ပူးပေါင်းဆောင်ရွက်မည်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ANP ပါတီနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုလူမျိုးများ ပူးပေါင်းဆောင်ရွက်မည်

Share this post

ရခိုင်၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် ရခိုင်အမျိုးသားပါတီနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု လူမျိုးများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများထဲမှတစ်ခုဖြစ်သည့် ကမန်လူမျိုးစု ကိုယ်စားလှယ် မခင်မျိုးညွန့်က People Media သို့ ပြောသည်။
 
ရခိုင်အမျိုးသားပါတီဌာနချုပ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်တိုင်းရင်းသားမျိုးနွယ်စု လူမျိုးများဖြစ်ကြသည့် ခမိ ၊ မြို၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီးနှင့် ဟိန္ဒူစသည့် တိုင်းရင်းသားလူမျိုးစုများနှင့် ရခိုင်အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြောဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
 
“ကျွန်မတို့ တိုင်းရင်းသားဒေသတွေမှာက အခက်အခဲတွေ အများကြီးရှိတယ်၊ လိုအပ်ချက်တွေရှိတယ်။ အဲ့ဒါ တွေကို ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဖြေရှင်းရန် ဆွေးနွေးခဲ့ကြတယ်။ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားလူမျိုးစုပေါင်းစုံကနေပြီးတော့ ပါဝင်ပြီး ဆောင်ရွက်မယ်လို့ ဆွေးနွေးခဲ့ကြတယ်” ဟု ကမန်လူ မျိုးစုကိုယ်စားလှယ် မခင်မျိုးညွန့်က ဆိုသည်။
 
ထိုနောက် ရခိုင်အမျိုးသားပါတီအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့နိုင်ပါ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု လူမျိုးများကို အစိုးရ အဖွဲ့ထဲတွင် ထည့်သွင်းဖွဲ့စည်းပေးရန် တိုင်းရင်းသားများဘက်မှ တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
 
ဆက်လက်ပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စုလူမျိုးများမှ လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးအခြေအနေများ လူမှုရေးအခြေအနေများအပါအဝင် ကမန်၊ မရမာကြီးနှင့် ဟိန္ဒူ မျိုးနွယ်စုများ ရင်ဆိုင်နေရသော လူမှုလုံခြုံရေး အခြေအနေများ ရခိုင်အမျိုးသားပါတီထံ တင်ပြခဲ့ကြောင်းသိရသည်။
 
၂၀၂၀ ပါတီစုံ အထွေအထွေရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး၌ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ် တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော် ၇ နေရာအနိုင်ရရှိခဲ့သည်။
 
#PeopleMedia
 
(unicode)
…………………………………………..
 
 
 
 
 
 
 
 
#PeopleMedia

Share this post