• Follow Us on
Latest News

Home ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားကို ျပည္ေထာင္စုအစုိးရအဖြဲ႕မွ အေရးယူေပးရန္ အေရးႀကီးအဆို တင္သြင္းေသာ္လည္း ေဆြးေႏြးခြင့္မရဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီဒု-ဥကၠ႒ ဦးေက်ာ္ေဇယ် ေျပာဆုိ

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားကို ျပည္ေထာင္စုအစုိးရအဖြဲ႕မွ အေရးယူေပးရန္ အေရးႀကီးအဆို တင္သြင္းေသာ္လည္း ေဆြးေႏြးခြင့္မရဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီဒု-ဥကၠ႒ ဦးေက်ာ္ေဇယ် ေျပာဆုိ

Share this post

ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ လူစုလူေဝးျဖင့္ ပြဲအခမ္းအနားျပဳလုပ္ခဲ့မႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားကို ျပည္ေထာင္စုအစိုးရအဖြဲ႕အေနျဖင့္ အေရးယူေဆာင္ရြက္ရန္ လႊတ္ေတာ္၌ အေရးႀကီး အဆိုအျဖစ္ တင္သြင္းခဲ့ေသာ္လည္း ေဆြးေႏြးခြင့္မရရွိခဲ့ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဒုဥကၠ႒ျဖစ္သူ ဦး ေက်ာ္ေဇယ်က ဇြန္လ ၃ ရက္ေန႔က ေျပာသည္။

 

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕အား အေရးယူရန္ ဇြန္လ ၂ ရက္ေန႔တြင္ တင္သြင္းခဲ့ျခင္းျဖစ္ၿပီး ယင္း အဆိုပါတင္သြင္းမႈႏွင့္ပတ္သက္၍ လႊတ္ေတာ္ဥကၠ႒မွ ကိုယ္စားလွယ္ထံအေၾကာင္း ျပန္ၾကားျခင္းမရွိခဲ့ျခင္း ျဖစ္ေၾကာင္း ဦးေက်ာ္ေဇယ်ကဆိုသည္။

 

“လႊတ္ေတာ္ဥကၠ႒ကို အန္ကယ္အေနနဲ႔ စာနဲ႔ ေပးခဲ့တာ ေဆြးေႏြးမယ့္ကိုယ္စားလွယ္တစ္ေယာက္ရွာပါဆိုလို႔ အန္ကယ္အေနနဲ႔ရွာခဲ့တယ္။ ဒါေပမယ့္  မေန႔က တင္ျပတာျဖစ္တဲ့အတြက္ လႊတ္ေတာ္က အန္ကယ္ကို အေၾကာင္းရမယ္၊ ဒါေပမယ့္ ဒီေန႔ ေဆြးေႏြးမႈနဲ႔ပတ္သက္လို႔ အေၾကာင္းျပန္တာမရွိဘူး”ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။

 

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕အား အေရးယူရန္အဆိုသည္ တင္သြင္းခြင့္မရခဲ့ေသာ္လည္း သမိုင္းတြင္ မွတ္တမ္းတစ္ခုအျဖစ္တင္ေၾကာင္း ဦးေက်ာ္ေဇယ်က ၎၏ လူမႈကြန္ယက္စာမ်က္နာတြင္ ေရးသားထားသည္။

 

“အမွန္ေတာ့ အဆိုက ခြင့္ျပဳသင့္ပါတယ္၊ ဥပေဒအရ လႊတ္ေတာ္ဥကၠ႒ ၏လုပ္ပိုင္ခြင့္ျဖစ္ေနလို႔ မည္သို႔မွ မတတ္ႏိုင္ဘူး” ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။

 

ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ လူစုလူေဝးျဖင့္ ပြဲအခမ္းအနားျပဳလုပ္ခဲ့မႈႏွင့္ပတ္သက္၍ အေရးယူရန္ ေဝဖန္မႈမ်ား ရွိေနသည့္အျပင္ ေတာင္ဒဂုံၿမိဳ႕နယ္ေနျပည္သူတစ္ဦးမွလည္း ဗိုလ္တေထာင္ၿမိဴ့နယ္ ရဲစခန္းတြင္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားကို အမႈဖြင့္လွစ္ထားသည္။

#PeopleMedia

 

(unicode)

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ပြည်ထောင်စုအစိုးရအဖွဲ့မှ အရေးယူပေးရန် အရေးကြီးအဆို တင်သွင်းသော်လည်း ဆွေးနွေးခွင့်မရဟု ပြည်သူ့ရှေ့ဆောင်ပါတီဒု-ဥက္ကဋ္ဌ ဦးကျော်ဇေယျ ပြောဆို
…………………………………………………………………………………………………

ဗိုလ်တထောင်မြို့နယ်တွင် လူစုလူဝေးဖြင့် ပွဲအခမ်းအနားပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်ရန် လွှတ်တော်၌ အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့သော်လည်း ဆွေးနွေးခွင့်မရရှိခဲ့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုဥက္ကဋ္ဌဖြစ်သူ ဦး ကျော်ဇေယျက ဇွန်လ ၃ ရက်နေ့က ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား အရေးယူရန် ဇွန်လ ၂ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်း အဆိုပါတင်သွင်းမှုနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ကိုယ်စားလှယ်ထံအကြောင်း ပြန်ကြားခြင်းမရှိခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်ဇေယျကဆိုသည်။

“လွှတ်တော်ဥက္ကဋ္ဌကို အန်ကယ်အနေနဲ့ စာနဲ့ ပေးခဲ့တာ ဆွေးနွေးမယ့်ကိုယ်စားလှယ်တစ်ယောက်ရှာပါဆိုလို့ အန်ကယ်အနေနဲ့ရှာခဲ့တယ်။ ဒါပေမယ့် မနေ့က တင်ပြတာဖြစ်တဲ့အတွက် လွှတ်တော်က အန်ကယ်ကို အကြောင်းရမယ်၊ ဒါပေမယ့် ဒီနေ့ ဆွေးနွေးမှုနဲ့ပတ်သက်လို့ အကြောင်းပြန်တာမရှိဘူး”ဟု ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား အရေးယူရန်အဆိုသည် တင်သွင်းခွင့်မရခဲ့သော်လည်း သမိုင်းတွင် မှတ်တမ်းတစ်ခုအဖြစ်တင်ကြောင်း ဦးကျော်ဇေယျက ၎င်း၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။

“အမှန်တော့ အဆိုက ခွင့်ပြုသင့်ပါတယ်၊ ဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌ ၏လုပ်ပိုင်ခွင့်ဖြစ်နေလို့ မည်သို့မှ မတတ်နိုင်ဘူး” ဟု ဦးကျော်ဇေယျက ပြောသည်။

ဗိုလ်တထောင်မြို့နယ်တွင် လူစုလူဝေးဖြင့် ပွဲအခမ်းအနားပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ အရေးယူရန် ဝေဖန်မှုများ ရှိနေသည့်အပြင် တောင်ဒဂုံမြို့နယ်နေပြည်သူတစ်ဦးမှလည်း ဗိုလ်တထောင်မြိူ့နယ် ရဲစခန်းတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို အမှုဖွင့်လှစ်ထားသည်။
#PeopleMedia


Share this post