• Follow Us on

Home ရန္ကုန္တိုင္းအစိုးရအဖြဲ႕ စီမံ၊ ဘ႑ာဝန္ႀကီး ဦးရဲမင္းဦးအပါအဝင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္တစ္ခ်ိဳ႕၏ မိသားစုဝင္မ်ား၏စီးပြားေရးကို စစ္ေဆးရန္မရွိေသးေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးညြန႔္ေျပာဆို

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ စီမံ၊ ဘ႑ာဝန္ႀကီး ဦးရဲမင္းဦးအပါအဝင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္တစ္ခ်ိဳ႕၏ မိသားစုဝင္မ်ား၏စီးပြားေရးကို စစ္ေဆးရန္မရွိေသးေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးညြန႔္ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ရန္ကုန္တိုင္းအစိုးရအဖြဲ႕ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးရဲမင္းဦးအပါအဝင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ိဳ႕၏ မိသားစုပိုင္ စီးပြားေရးလုပ္ငန္းမ်ားကို စစ္ေဆးရန္မရွိေသးေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးညႊန္႔က ေျပာဆိုလိုက္သည္။
 
ဦးရဲမင္းဦးအပါအဝင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ၎တို႔၏မိသားစုဝင္မ်ားသည္ ရခိုင္ကမ္းရိုးတန္းဖြံ႕ၿဖိဳး တိုးတက္ေရးအမ်ားပိုင္ကုမၸဏီအမည္ျဖင့္ ကုမၸဏီတစ္ခုအား တည္ေထာင္ထားသည့္ကိစၥရပ္အေပၚ People Media က NLD ပါတီ၏ သေဘာထားႏွင့္ အေရးယူရွိမရွိအေပၚတြင္ ဆက္သြယ္ေမးျမန္းရာ၌ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္
 
“သူနဲ႔ပတ္သက္တဲ့ တိုင္ၾကားစာေတြေရာက္လာတာမရွိေသးဘူး။ တိုင္ၾကားစာရွိရင္လဲ ဥပေဒတစ္စုံတစ္ရာနဲ႔ ၿငိစြန္းတယ္ တိုင္ၾကားစာရွိရင္ စစ္ေဆးမွာျဖစ္ပါတယ္”လို႔ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။
 
အလားတူ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၎တို႔ႏွင့္သက္ဆိုင္သည့္ မိသားစုဝင္မ်ားသည္ နိုင္ငံသားျဖစ္ျခင္း ေၾကာင့္ နိုင္ငံသားအခြင့္အေရးအရ စီးပြားေရးလုပ္ပိုင္ခြင့္ရွိေၾကာင္း ေဒါက္တာမ်ိဳးညႊန္႔က ဆိုသည္။
 
“လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သူတို႔မိသားစုဝင္ေတြကလဲ နိုင္ငံသားေတြျဖစ္တဲ့အတြက္ သူတို႔မွာလဲ နိုင္ငံသားအခြင့္အေရးအရ စီးပြားေရးလုပ္ပိုင္ခြင့္ရွိပါတယ္။ အဓိကေျပာခ်င္တာကေတာ့ အက်ိဳးစီးပြားျခင္း ပဋိပကၡျဖစ္မျဖစ္ ဒါကိုပဲ အဓိက ၾကည့္ရမွာပါ” လို႔ ေဒါက္တာမ်ိဳးညြန႔္က ထပ္မံေျပာဆိုသည္။
 
ဦးရဲမင္းဦးသည္ လာမည့္အစိုးရသက္တမ္း၌ ရန္ကုန္တိုင္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္တာဝန္ ထမ္းေဆာင္ခြင့္ ရရွိနိုင္တယ္လို႔ ထင္ေၾကးေပးခံေနရသူလည္း ျဖစ္သည္။
 
#PeopleMedia #NLD #ေဒါက္တာမ်ိဳးညႊန္႔ #ဦးရဲမင္းဦး
 
(unicode)
ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ချို့၏ မိသားစုဝင်များ၏စီးပွားရေးကို စစ်ဆေးရန်မရှိသေးကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ပြောဆို
………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးရဲမင်းဦးအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် အချို့၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို စစ်ဆေးရန်မရှိသေးကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောဆိုလိုက်သည်။
 
ဦးရဲမင်းဦးအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ၎င်းတို့၏မိသားစုဝင်များသည် ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုး တိုးတက်ရေးအများပိုင်ကုမ္ပဏီအမည်ဖြင့် ကုမ္ပဏီတစ်ခုအား တည်ထောင်ထားသည့်ကိစ္စရပ်အပေါ် People Media က NLD ပါတီ၏ သဘောထားနှင့် အရေးယူရှိမရှိအပေါ်တွင် ဆက်သွယ်မေးမြန်းရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်
 
“သူနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေရောက်လာတာမရှိသေးဘူး။ တိုင်ကြားစာရှိရင်လဲ ဥပဒေတစ်စုံတစ်ရာနဲ့ ငြိစွန်းတယ် တိုင်ကြားစာရှိရင် စစ်ဆေးမှာဖြစ်ပါတယ်”လို့ ဒေါက်တာမျိုးညွှန့်က ပြောသည်။
 
အလားတူ လွှတ်တော်ကိုယ်စားလှယ်များ၊ ၎င်းတို့နှင့်သက်ဆိုင်သည့် မိသားစုဝင်များသည် နိုင်ငံသားဖြစ်ခြင်း ကြောင့် နိုင်ငံသားအခွင့်အရေးအရ စီးပွားရေးလုပ်ပိုင်ခွင့်ရှိကြောင်း ဒေါက်တာမျိုးညွှန့်က ဆိုသည်။
 
“လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့မိသားစုဝင်တွေကလဲ နိုင်ငံသားတွေဖြစ်တဲ့အတွက် သူတို့မှာလဲ နိုင်ငံသားအခွင့်အရေးအရ စီးပွားရေးလုပ်ပိုင်ခွင့်ရှိပါတယ်။ အဓိကပြောချင်တာကတော့ အကျိုးစီးပွားခြင်း ပဋိပက္ခဖြစ်မဖြစ် ဒါကိုပဲ အဓိက ကြည့်ရမှာပါ” လို့ ဒေါက်တာမျိုးညွန့်က ထပ်မံပြောဆိုသည်။
 
ဦးရဲမင်းဦးသည် လာမည့်အစိုးရသက်တမ်း၌ ရန်ကုန်တိုင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခွင့် ရရှိနိုင်တယ်လို့ ထင်ကြေးပေးခံနေရသူလည်း ဖြစ်သည်။
 
#PeopleMedia #NLD #ဒေါက်တာမျိုးညွှန့် #ဦးရဲမင်းဦး

Share this post