• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ရန်အတွက် ကချင်ပြည်နယ်မှ သူနာပြု (၂၁) ဦး ထပ်မံအားဖြည့်ပါဝင်


Share this post





#PeopleMedia #COVID19

(Unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ရန်အတွက် ကချင်ပြည်နယ်မှ သူနာပြု (၂၁) ဦး ထပ်မံအားဖြည့်ပါဝင်
………………………………………………

မြစ်ကြီးနား၊ အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် အတွက် ကချင်ပြည်နယ်မှ ဆန္ဒပြုသည့် သူနာပြု (၂၁) ဦးသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၈) ရက် နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာခဲ့သည်။

အဆိုပါ အားဖြည့်ကူညီမည့်အဖွဲ့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးလင်း၊ ဆေးရုံကြီးမှ ပြည်နယ်သားဖွား မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးဟန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုအားပေးခဲ့ကြသည်။

သတင်း/ဓါတ်ပုံ – ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန

#PeopleMedia #COVID19


Share this post