• Follow Us on

Home ရန်ကုန်တိုင်း၊ ပြည်ခိုင်ဖြိုးပါတီမြောက်ပိုင်းခရိုင်ကော်မတီဝင် အမျိုးသမီး၏ အမျိုးသား ဓါးထိုးခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ ပြည်ခိုင်ဖြိုးပါတီမြောက်ပိုင်းခရိုင်ကော်မတီဝင် အမျိုးသမီး၏ အမျိုးသား ဓါးထိုးခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ မတ် – ၁၀

 

ရန်ကုန်တိုင်း၊ ပြည်ခိုင်ဖြိုးပါတီ မြောက်ပိုင်းခရိုင်ကော်မတီဝင်ဖြစ်သူ အမျိုးသမီး၏ အမျိုသားသည် ယနေ့နံနက်၌ ဓါးထိုးခံရ၍ သေဆုံးသွားတယ်လို့ ၎င်းတို့နှင့် နီးစပ်သူများက People Media ကို အတည်ပြု ပြောဆိုပါတယ်။

 

ဖြစ်စဉ်မှာ ပြည်ခိုင်ဖြိုးပါတီ၊ မြောက်ပိုင်းခရိုင်ကော်မတီဝင်ဖြစ်သူ အမျိုးသမီး၏ အမျိုးသားဖြစ်သူသည် ၎င်းတို့ နေထိုင်ရာ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်မှ နံနက်(၉)နာရီအချိန်တွင် ဆိုင်ကယ်ဖြင့် ပြင်ပသို့ ထွက်ခွာခဲ့ပြီး နောက် ဓါးထိုးခံရ၍ ကွယ်လွန်သွားခြင်းလည်း ဖြစ်ပါတယ်။

 

“ဒီမနက် နေအိမ်ကနေ အပြင်ကို ဆိုင်ကယ်နဲ့ ၉ နာရီလောက်ထွက်သွားတယ်။ ၉ နာရီခွဲလောက်မှာ ဓါးထိုးခံ ရတယ်သိတော့ ဆေးရုံကို အရောက်ပို့သော်လည်း လမ်းမှာ ကွယ်လွန်သွားတာပါ” လို့ ၎င်းတို့နှင့် နီးစပ်သူက ပြောဆိုပါတယ်။

 

Photo – Credit

 

#PeopleMedia #USDP

 

(unicode)

………………………………………………….





Photo – Credit

#PeopleMedia #USDP


Share this post