• Follow Us on

Home ရန်ကုန်မြို့နယ်တချို့တွင် အဝါရောင်သင်္ကေတလွှင့်ထူပြီး အကူအညီတောင်းခံလာ

ရန်ကုန်မြို့နယ်တချို့တွင် အဝါရောင်သင်္ကေတလွှင့်ထူပြီး အကူအညီတောင်းခံလာ

Share this post

ရန်ကုန်၊ ဇူလိုင် – ၂၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တချို့မှာ အဝါရောင်သင်္ကေတလွှင့်ထူပြီး အကူအညီတောင်းခံလာနေကြ တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

 

အဝါရောင်သင်္ကေတလွှင့်ထူထားတဲ့ နေအိမ်တချို့မှာ ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော် (၅) လမ်းမှာရှိတဲ့ အခန်းတစ်ခုမှာ အဝါရောင်သင်္ကေတအလံလွှင့်ထူထားသလို တာမွေမြို့နယ် (၁၆၅) လမ်းအတွင်းမှာလည်း အဝါရောင်သင်္ကေတအလံလွှင့်ထူပြီး အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။

 

အဆိုပါ သင်္ကေတလွှင့်ထူထားတဲ့ မြို့နယ်များမှာ ယုဇနဥယျာဉ်မြို့တော်၊ တာမွေ၊ သာကေတစတဲ့ မြို့နယ်တွေ အပါအဝင် မြို့နယ်တချို့မှာ အဝါရောင်သင်္ကေတကို လွှင့်ထူကာ အကူအညီတောင်းခံနေကြတာဖြစ်ပါတယ်။

 

အဝါရောင်သင်္ကေတမှာ အိမ်မှာရှိတဲ့ မိသားစုအားလုံး နေထိုင်မကောင်းဖြစ်၍ အခက်အခဲရှိနေပါက အကူအညီ တောင်းခံသည့်သင်္ကေတဖြစ်ပြီး အဆိုပါ သင်္ကေတလွှင့်ထူထားတဲ့ နေအိမ်တွေလည်း ရပ်ကွက်နေပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းထားကြပါတယ်။

 

#PeopleMedia #COVID-19 #အဝါရောင်

 

(unicode)


……………………………………..

 


 


 


 


 


 



Share this post