• Follow Us on

Home ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန်မှ နေပြည် တော်သို့ သယ်ယူမည်ဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန်မှ နေပြည် တော်သို့ သယ်ယူမည်ဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၆ (People Media)

 

(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင် အနှစ်သာရနှင့် အဓိပ္ပါယ်ပြည့်ဝစွာ ကျင်းပနိုင်ရေးစီမံဆောင်ရွက် လျက်ရှိရာ ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန် မှ နေပြည်တော်သို့ သယ်ယူမည့်အခမ်းအနားလည်းပါရှိမည်ဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌကပြောသည်။

 

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

 

“(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အနှစ်သာရနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စီမံဆောင် ရွက်လျက်ရှိရာ ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်းအနားလည်း ပါရှိမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြမည့် ယာဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များအလိုက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေကြသူများနှင့် အခမ်းအနားတွင် ပါဝင် ဆောင်ရွက်ကြမည့် တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှာလည်း အားရဖွယ်တွေ့မြင်ရပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ပြောသည်။

 

“တစ်နည်းအားဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုလှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ် မြင်ကွင်းဖြစ်နေပါကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 

#PeopleMedia #ပြည်ထောင်စုအလံ

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



Share this post