• Follow Us on

Home ရန်ကုန်မြို့၊ ကြက်ဘဲဈေးအနီးရှိ တပ်မတော်ငါးပိနှင့် ငံပြာရည်စက်ရုံရှေ့၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ် ၂ ဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ ကြက်ဘဲဈေးအနီးရှိ တပ်မတော်ငါးပိနှင့် ငံပြာရည်စက်ရုံရှေ့၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ် ၂ ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ ကြက်ဘဲဈေးအနီးရှိ တပ်မ တော်ငါးပိနှင့် ငံပြာရည်စက်ရုံရှေ့တွင် ယနေ့ နံနက်အစောပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် စက်ရုံနှင့် ကပ်လျက်ရှိသည့် ကြက်ဘဲဈေးရှိ ဈေးရောင်း/ဈေးဝယ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

“မနက်စောစောအချိန်မှာဖြစ်တာ ပထမတစ်လုံးအရင်ပေါက်တယ်၊ နောက်သိပ်မကြာခင်မှာ တစ်လုံး ထပ်ကွဲတယ်၊ ဈေးလာဝယ်တဲ့သူနှစ်ဦးတော့ ဒဏ်ရာရရှိတာတော့ရှိတယ်” ဟု ပုသိမ်ညွှန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်နေရာအား လုံခြုံရေးတပ်ဖွဲဝင်များက ရှင်းလင်းရေးဆောင်ရွက်ရာတွင် သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးအပိုင်းအစများ၊ ဖုန်းအစအနများတွေ့ရှိကြောင်းသိရပါတယ်။

 

Photo – credit

 

#PeopleMedia #ကြက်ဘဲဈေး

 

(unicode)


……………………………………………………………………..

 


 


 


 


 


 

Photo – credit

 



Share this post