• Follow Us on

Home ရန်ကုန်မြို့၌ စည်ပင်အမှိုက်ပုံးအတွင်းမှ မိုင်းထုပ်ကို ကောက်ယူခဲ့သည့် အမျိုးသားနှစ်ဦး မိုင်းကွဲ၍ တစ်ဦး ပွဲချင်းပြီး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ရန်ကုန်မြို့၌ စည်ပင်အမှိုက်ပုံးအတွင်းမှ မိုင်းထုပ်ကို ကောက်ယူခဲ့သည့် အမျိုးသားနှစ်ဦး မိုင်းကွဲ၍ တစ်ဦး ပွဲချင်းပြီး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၈ (People Media)

 

ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းရှိ စည်ပင်အမှိုက်ပုံးအတွင်းမှ မိုင်းထုပ်ကို ကောက်ယူခဲ့သည့် အမှိုက်ကောက်၍ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသားနှစ်ဦးသည် မိုင်းပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

“သူတို့တွေက အမှိုက်ကောက်တဲ့သူတွေ။ စည်ပင်အမှိုက်ပုံးထဲကတွေ့တာ။ တစ်ယောက်ကနေပြီးတာ့မှ ယူပြီး တော့ လွှင့်ပစ်လိုက်ကွာဆိုပြီး ယူသွားတာ။ လွှင့်ပစ်လိုက်ချိန်မှာ ပေါက်ကွဲသွားတယ်” ဟု လူမှုကူညီရေး ဆောင်ရွက်နေသည့် ဆရာတော်တစ်ပါးက မိန့်သည်။

 

ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို ဆေးဝါးကုသရန် လူမှုကူညီရေးယာဉ်ဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။

 

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီး၌ လက်လုပ်ဗုံးများ၊ မိုင်းများကို မသမာသူအချို့မှ အများ ပြည်သူ အသုံးပြုသည့်နေရာများ၌ မိုင်းထောင်မှုများကြောင့် အမှိုက်ကောက်သည့် ကလေးငယ်များအပါဝင် ပြည်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့သည်။

 

#PeopleMedia #ဒဂုံအရှေ့ပိုင်း #ဗုံးပေါက်ကွဲမှု

 

(unicode)


……………………………………………………

 

 


 

 


 

 


 

 


 

 


 

 



Share this post