• Follow Us on

Home ရန်ကုန်မြို့၌ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် လူဦးရေ ၂၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

ရန်ကုန်မြို့၌ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် လူဦးရေ ၂၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၉ (People Media)

 

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် လူဦးရေ ၂၀၀ ကျော်အား ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ်နှင့် ဗဟန်းမြို့နယ်တွင် တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်(MOEAF) ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဇန်နဝါရီ ၁၆ ရက်နေ့၌ ရွှေတိဂုံစေတီတော်အရှေ့ဖက်မုဒ် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ပွဲစား ၃ ဦးမှ စုဆောင်းထားသော ကျား/မ ၁၆၀ ကျော်ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမှ အဆောင်တစ်ခုတွင် ပွဲစားများမှ စုဆောင်းထားသော ကျား/မ  ၅၁ ဦးတို့ကိုလည်းကောင်း ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

“ပွဲစားက တရားဝင်လမ်းကြောင်းက ပို့ပေးမယ် ပြောလို့လိုက်လာတာပါ။ passport စာအုပ်ဖိုး ၁ သိန်း ၇ သောင်း အရင်ပေးခဲ့ရတယ်။ မနေ့ကမှ ၁၈ သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံမှာ အလုပ်ရမယ်။ တနေ့ဘတ် ၃၃၀ ရမယ်။ ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခုလောလောဆယ် OWIC ကဒ်လုပ်ဖို့ ဒီအဆောင်မှာ စောင့်ပါဆိုလို့ စောင့်နေတာပါ။ ရန်ကုန်ရောက်တာ ၁၀ ရက်ကျော်ကြာပါပြီ။ ၁၈ သိန်းလည်း သွင်းပြီး ပါပြီ။” ဟု မြောက်ဒဂုံဖြစ်စဉ်တွင် အလိမ်ခံခဲ့ရသော အလုပ်သမားတစ်ဦးမှ ပြောပါတယ်။

 

အဆိုပါ အလုပ်သမား ၂၀၀ ကျော်အား တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ နီးပါးဖြင့် လူကုန်ကူးရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရှိခဲ့သည့်အတွက် ယခုလို  ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

အထက်ပါ ကယ်ထုတ်နိုင်ခဲ့သူများသည် သဲတော၊ ဝမ်းတွင်း၊ ငပုတော၊ တောင်ငူ၊ ဖြူးမြို့နယ်၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တို့မှ ဖြစ်ပါတယ်။

 

#PeopleMedia #ရန်ကုန် #MOEAF

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post