• Follow Us on
Latest News

Home ရေကြည်မြို့နယ်၌ မှုခင်းသတင်းထောက်တစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရသော်လည်း ကျည်ဆံသည် လက်မောင်း ထိမှန်ခဲ့

ရေကြည်မြို့နယ်၌ မှုခင်းသတင်းထောက်တစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရသော်လည်း ကျည်ဆံသည် လက်မောင်း ထိမှန်ခဲ့

Share this post

ဧရာဝတီ၊ ဇန်နဝါရီ ၁၉ (People Media)

 

ဇန်နဝါရီ ၁၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၌ နေထိုင်သည့် မှုခင်းသတင်းထောက်ဖြစ်သူ ကိုဆန်းတင့်သည် သေနတ်ဖြင့် လုပ်ကြံခံရခဲ့ရသော်လည်း ကျည်ဆံသည် လက်မောင်းထိမှန်ခဲ့သည်။

 

မှုခင်းသတင်းထောက်ဖြစ်သူ ကိုဆန်းတင့်သည် အလုပ်ကိစ္စဖြင့် နေအိမ်ပြင်ပသို့ အထွက်၌ အမည်မသိ အမျိုး သားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

 

“အနောက်ကနေ ပစ်တာ လက်မောင်းကို မှန်တာ။ သိသိချင်းပဲ ထွက်ပြေးတယ်။ အဲ့ဒါကြောင့် အသက်မသေ တာ။ ပစ်ခတ်တဲ့သူက လူငယ်နှစ်ယောက်ပဲ ပစ်ပြီးတာနဲ့ တန်းပြေးသွားတာ ကိုဆန်းတင့်ကတော့ အခုလော လောဆယ် ဆေးရုံမှာတင်ထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မှုခင်းသတင်းထောက်များ လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #ရေကြည်မြို့ #မှုခင်းသတင်းထောက်

 

(unicode)


………………………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post