• Follow Us on

Home ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း န-စ-က ပြော

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း န-စ-က ပြော

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂ (People Media)

 

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း န-စ-က မှပြောသည်။

 

လက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်၊ လုံခြုံရေး ကိစ္စများကို န-စ-ကမှ မည်သို့စီမံဆောင်ရွက်ထားဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၆၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အတို့နှင့်အညီ ပုဂ္ဂိုလ်တစ်ဦးဦးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးအဖြစ် ယာယီတာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

ဆက်လက်ပြီး လစ်လပ်သည့် ရပ်ကျေး သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏တာဝန်ကို ထမ်းဆောင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဆန္ဒမဲဒုတိယအများဆုံးရရှိသည့် ရာအိမ်မှူးတစ်ဦး၊ ဆန္ဒမဲဒုတိယအများဆုံးရရှိ သူက ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပေါ်ပေါက်လျှင် သင့်လျော်သည့် ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး တစ်ဦးဦးကို ယာယီတာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

 

အထက်ဖော်ပြပါအခြေအနေများအရ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အခါ မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ သဘောတူညီချက်ရယူ၍ သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်အပ်ရမည်ဟု ပါရှိသည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များသည် မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပွားလျက်ရှိပြီး ရာထူးတာဝန်မှ နုတ်ထွက်မှုများလည်းရှိ သည်။

 

#PeopleMedia #နစက #အုပ်ချုပ်ရေးမှူး

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post