• Follow Us on

Home ရဲတပ်ဖွဲ့အတွက် ရန်ပုံငွေတိုးမြှင့်ပေးရန် သမ္မတဂျိုးဘိုင်ဒန် တောင်းဆို

ရဲတပ်ဖွဲ့အတွက် ရန်ပုံငွေတိုးမြှင့်ပေးရန် သမ္မတဂျိုးဘိုင်ဒန် တောင်းဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၄ (People Media)

 

လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်အတူ ဒေသတွင်းရဲတပ်ဖွဲ့လုပ်ငန်းများအတွက် ရင်းနှီးမြှှုပ်နှံမှုများပိုမိုသုံးစွဲရန် (ဘတ်ဂျက်ပိုမိုသုံးစွဲရန်) နယူးယောက်မြို့ကို တုန်လှုပ်ခြောက်ခြားမှုဖြစ်စေခဲ့သည့် အကြမ်းဖက်ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နယူး ယောက်မြို့သို့သွားရောက်သည့်ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိ  ကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

 

လွန်ခဲ့သည့်လက အရေးပေါ်ဖုန်းနံပတ် ၉၁၁ ကိုခေါ်ဆိုရာတွင် ရဲတပ်ဖွဲ့ဝင်များ တုံ့ပြန်ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ် ၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသော ရဲအရာရှိနှစ်ဦး၏ အသုဘအခမ်းအနားကျင်းပပြီးနောက် နယူးယောက်မြို့သို့ သမ္မတဂျိုးဘိုင်ဒန်နှင့် ရှေ့နေချုပ်မားရစ်ဂါးလန်တို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။

 

ရဲအရာရှိများ အသတ်ခံရခြင်းသည် ၂၀၂၀ ပြည့်နှစ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးစတင်ဖြစ်ပွားသည့်အချိန်က တည်း ဖီလာဒဲဖီးယားနှင့် ရှီကာဂို မြို့တို့အပါအဝင် အမေရိကန်မြို့ကြီးများတွင် လက်နက်ကိုင်အကြမ်းဖက်မှုမြင့်  မားလာသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

 

လူဦးရေထက် သေနတ်အရေအတွက် ပိုမိုများပြားလှသည့်အမေရိကန်ပြည်ထောင်စုတွင် လက်နက်ကိုင်ဆောင် ထားသည့်နှုန်းမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမဦးဆုံးသေနတ်ဝယ်ယူသည့်နှုန်းမှာ အလွန်အမင်းမြင့်တက်လာခဲ့သည်။

 

“ပြည်သူတွေဘေးကင်းလုံခြုံဖို့အတွက် လုပ်ဖို့လိုအပ်တဲ့အရာတိုင်းကို တစ်ယောက်တည်းကလုပ်ဖို့ ကျွန်တော် တို့ မမျှော်လင့်ထားပါဘူး။ ပြည်သူတွေကို ကာကွယ်ပြီး ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ဖို့ ပြည်သူ့ စည်းကမ်းထိန်းသိမ်းရေးအတွက် ရန်ပုံငွေတွေထောက်ပံ့ပေးဖို့ အချိန်ကျရောက်လာပါပြီ။” ဟု သမ္မတဘိုင်ဒန် က ပြောသည်။

 

နိုဝင်ဘာလအတွင်း အရေးကြီးသည့် ကြားကာလရွေးကောက်ပွဲများမကျင်းပမီ ဒီမိုကရက်တစ်ပါတီသည် ရာဇ ဝတ်မှုဆိုင်ရာကိစ္စများကိုင်တွယ်မှုတွင် အားနည်းကြောင်း ရီပတ်ဘလီကန်ပါတီ၏ စွပ်စွဲချက်များကို အိမ်ဖြူ တော်နှင့် ဒီမီကရက်တစ်ပါတီဝင်များက ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

 

“ကျွန်တော်တို့က ရန်ပုံငွေမရရှိအောင်တားဆီးနေတာမဟုတ်ပါဘူး။ ရန်ပုံငွေရအောင် လုပ်နေတာပါ။” ဟု ဘိုင်ဒန်က ပြောသည်။ ၂၀၂၀ ပြည့်နှစ်က လူမည်းအမျိုးသားဂျော့ချ်ဖလွိုက် အသတ်ခံရမှုဖြစ်ပွားပြီးနောက် ဒီမို ကရက်တစ်အချို့က ရဲတပ်ဖွဲ့ရန်ပုံငွေလျှော့ချရန် တွန်းအားပေးခဲ့ခြင်းကို ဘိုင်ဒန်က ပယ်ချလိုက်ပြီး ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ဘိုင်ဒန်သည် လွန်ခဲ့သည့်နှစ် ဇွန်လအတွင်းကထုတ်ဖော်ခဲ့သော အစိုးရ၏ အစိတ်အပိုင်းငါးခုပါဝင်သည့်စီမံချက် ကို မဲဆွယ်ပြောကြားခဲ့သည်။ ယင်းစီမံချက်မှာ ရဲတပ်ဖွဲ့အတွက် လက်နက်နှင့် ရန်ပုံငွေများကို ဖြတ်တောက်ရန် နည်းလမ်းများရှာဖွေထားသည့်စီမံချက်ဖြစ်သည်။ ဘိုင်ဒန်သည် တောင်ပိုင်းပြည်နယ်များမှ အမေရိကန်အရှေ့ မြောက်ဒေသသို့ လက်နက်ကုန်ကူးမှုများနှင့် သေနတ်ဖြင့်ပြစ်မှုကျူးလွန်သူများကို အဓိကပစ်မှတ်ထားသည့် ကြိုးပမ်းမှုများကိုဆောင်ရွက်ရန်လည်း ကြေညာခဲ့သည်။

 

“ဒီလိုပြောတာက လူတိုင်းရပိုင်ခွင့်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒုတိယအကြိမ်မြောက်ပြင်ဆင်ချက်ကို ချိုးဖောက်တာ မဟုတ်ပါဘူး။ ဒါကို ပြင်ဆင်ဖို့မရှိပါဘူး။ အဲဒီပြင်ဆင်ချက် ပြဋ္ဌာန်းလိုက်ချိန်မှာ အမြောက်တစ် လက်လည်း ဝယ်လို့မရပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ လက်နက်ငယ်ဝယ်ယူဖို့ ဘာအကြောင်းပြချက်မှ မလိုပါဘူး။” ဟု ဘိုင်ဒန်က ပြောသည်။

 

Ref: Biden pushes for police funding, more social workers with New York City mayor Adams

 

#PeopleMedia

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Biden pushes for police funding, more social workers with New York City mayor Adams

 

#PeopleMedia


Share this post