• Follow Us on

Home ရဲတပ္သားသစ္ စုေဆာင္းေရး စီမံခ်က္ကုိ ပယ္ဖ်က္ေပးရန္ ရဲတပ္ဖြဲ႕ ဝင္မ်ားက ျပည္ထဲေရးဝန္ႀကီးဌာနထံ ေတာင္းဆုိ

ရဲတပ္သားသစ္ စုေဆာင္းေရး စီမံခ်က္ကုိ ပယ္ဖ်က္ေပးရန္ ရဲတပ္ဖြဲ႕ ဝင္မ်ားက ျပည္ထဲေရးဝန္ႀကီးဌာနထံ ေတာင္းဆုိ

Share this post

ရန္ကုန္၊ ဩဂုတ္ – ၄

ၿမိဳ႕နယ္ရဲစခန္းမ်ားႏွင့္ နယ္ေျမစခန္းမ်ားကို လစဉ္ ရဲတပ္သားသစ္ စုေဆာင္းေရး စီမံခ်က္ကို ပယ္ဖ်က္ေပးရန္ ရဲဝန္ထမ္းမ်ားက ျပည္ထဲေရးဝန္ႀကီးထံေတာင္းဆိုလိုက္သည္။

လက္ရွိအခ်ိန္၌ ျပည္ထဲေရးဝန္ႀကီးဌာနမွ ရဲတပ္သားသစ္ စုေဆာင္းရန္ ၿမိဳ႕နယ္စခန္းတစ္ခုလွ်င္ ရဲတပ္သား ႏွစ္ေယာက္ႏႈန္းႏွင့္ နယ္ေျမစခန္းတစ္ခုလွ်င္ ရဲတပ္သားသစ္ တစ္ေယာက္ႏႈန္း စုေဆာင္းေပးရေၾကာင္း မေကြးတိုင္းေဒသႀကီး၌ တာဝန္ထမ္းေဆာင္ေနသည့္ ရဲဝန္ထမ္း အႀကီးအကဲတစ္ဦးက PeopleMedia သို႔ ေျပာသည္။

“ၿမိဳ႕နယ္ စခန္းတစ္ခုဆိုရင္ တစ္လကို ရဲတပ္သားသစ္ ႏွစ္ေယာက္ႏႈန္း၊ နယ္ေျမစခန္းဆိုရင္ တစ္ေယာက္ႏႈန္း ေပါ႔။ အဲ့ဒီစနစ္က ေတာ္ေတာ္ဆိုးတယ္။ လူမရတာက မ်ားတယ္။ ရဲထဲဝင္သူက နည္းတယ္။ အဲ့ဒီေတာ့ ရဲဝန္ထမ္းေတြက ေတာ္ေတာ္စိတ္ထိခိုက္ရတယ္”လို႔ မေကြးတိုင္း၌ တာဝန္ထမ္းေဆာင္ေနသည့္ ရဲဝန္ထမ္းက ေျပာသည္။

ထို္ကဲ့သို႔ လစဉ္ ရဲဝန္ထမ္း စုေဆာင္းႏိုင္ျခင္းမရွိသည့္ ၿမိဳ႕နယ္၊ နယ္ေျမစခန္းရွိ အႀကီးအကဲမ်ားကို တိုင္းရဲတပ္ဖြဲ႕႐ုံးထံ သြားေရာက္ ထုေခ်လြာေရးတင္ရျခင္းမ်ား ရွိေၾကာင္း မေကြးတိုင္းရွိ ရဲဝန္ထမ္း အသိုင္းအဝိုင္းက အတည္ျပဳေျပာဆိုသည္။
ထိုကဲ့သို႔ ရဲတပ္သားသစ္ စုေဆာင္သည့္ စီမံခ်က္သည္ လြဲမွားေသာ စီမံခ်က္ျဖစ္ၿပီး အရည္အခ်င္းရွိသည့္ ရဲတပ္ဖြဲ႕သို႔ ေရာက္ရွိႏိုင္မႈ မရွိဘဲ အေရအတြက္သာ ရွိေသာ ရဲတပ္ဖြဲ႕ထံ ဦးတည္ေနေၾကာင္း၊မွားယြင္းေသာ စနစ္တစ္ခုျဖစ္ေၾကာင္း ရဲပတဟိတ အဖြဲ႕ တည္ေထာင္သူ ဦးျမတ္သူၿငိမ္းက ဆိုသည္။

#PeopleMedia #ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕

(Unicode)
ရဲတပ်သားသစ် စုဆောင်းရေး စီမံချက်ကို ပယ်ဖျက်ပေးရန် ရဲတပ်ဖွဲ့ ဝင်များက ပြည်ထဲရေးဝန်ကြီးဌာနထံ တောင်းဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၄

မြို့နယ်ရဲစခန်းများနှင့် နယ်မြေစခန်းများကို လစဉ် ရဲတပ်သားသစ် စုဆောင်းရေး စီမံချက်ကို ပယ်ဖျက်ပေးရန် ရဲဝန်ထမ်းများက ပြည်ထဲရေးဝန်ကြီးထံတောင်းဆိုလိုက်သည်။

လက်ရှိအချိန်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲတပ်သားသစ် စုဆောင်းရန် မြို့နယ်စခန်းတစ်ခုလျှင် ရဲတပ်သား နှစ်ယောက်နှုန်းနှင့် နယ်မြေစခန်းတစ်ခုလျှင် ရဲတပ်သားသစ် တစ်ယောက်နှုန်း စုဆောင်းပေးရကြောင်း မကွေးတိုင်းဒေသကြီး၌ တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်း အကြီးအကဲတစ်ဦးက PeopleMedia သို့ ပြောသည်။

“မြို့နယ် စခန်းတစ်ခုဆိုရင် တစ်လကို ရဲတပ်သားသစ် နှစ်ယောက်နှုန်း၊ နယ်မြေစခန်းဆိုရင် တစ်ယောက်နှုန်း ပေါ့။ အဲ့ဒီစနစ်က တော်တော်ဆိုးတယ်။ လူမရတာက များတယ်။ ရဲထဲဝင်သူက နည်းတယ်။ အဲ့ဒီတော့ ရဲဝန်ထမ်းတွေက တော်တော်စိတ်ထိခိုက်ရတယ်”လို့ မကွေးတိုင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းက ပြောသည်။

ထို်ကဲ့သို့ လစဉ် ရဲဝန်ထမ်း စုဆောင်းနိုင်ခြင်းမရှိသည့် မြို့နယ်၊ နယ်မြေစခန်းရှိ အကြီးအကဲများကို တိုင်းရဲတပ်ဖွဲ့ရုံးထံ သွားရောက် ထုချေလွာရေးတင်ရခြင်းများ ရှိကြောင်း မကွေးတိုင်းရှိ ရဲဝန်ထမ်း အသိုင်းအဝိုင်းက အတည်ပြုပြောဆိုသည်။
ထိုကဲ့သို့ ရဲတပ်သားသစ် စုဆောင်သည့် စီမံချက်သည် လွဲမှားသော စီမံချက်ဖြစ်ပြီး အရည်အချင်းရှိသည့် ရဲတပ်ဖွဲ့သို့ ရောက်ရှိနိုင်မှု မရှိဘဲ အရေအတွက်သာ ရှိသော ရဲတပ်ဖွဲ့ထံ ဦးတည်နေကြောင်း၊မှားယွင်းသော စနစ်တစ်ခုဖြစ်ကြောင်း ရဲပတဟိတ အဖွဲ့ တည်ထောင်သူ ဦးမြတ်သူငြိမ်းက ဆိုသည်။

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့


Share this post